ဗြိတိန်တွင် ရေလွှမ်းမိုးမှု သတိပေးချက်များ ဆက်လက်ထုတ်ပြန်

ဗြိတိန်နိုင်ငံတလွှား ဇန်န၀ါရီ ၆ ရက်နေ့ထိ မိုးသည်းထန်ပြီး လေပြင်းတွေ ဆက်တိုက်နေလို့ ရေလွှမ်းမိုးမှု သတိပေးချက်တွေ ဆက်ထုတ်ထားရပါတယ်။ England 1 -1အင်္ဂလန်ပြည်နယ် အနောက်တောင်ပိုင်းရဲ့ အစိတ်အပိုင်းတွေမှာ အပြင်းထန်ဆုံး ထိခိုက်ခဲ့ပြီး နယ်စွန်နယ်ဖျားတွေကတော့ ရေအောက်မှာ မမှတ်မိနိုင်လောက်အောင် ဖြစ်နေ ပါတယ်။ အိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို လှိုင်းလုံးကြီးတွေက ခြိမ်းခြောက်နေခဲ့လို့ ကမ်းရိုးတန်းဒေသတွေက အဆောက်အဦတွေထဲက လူတွေကို နေရာရွှေ့ပြောင်းထားပြီး ဖြစ်ပါတယ်။ ပိုဆိုးတဲ့ ရာသီဥတုနဲ့ ရေလွှမ်းမိုးမှုတွေ လာဦးမယ်လို့ မိုးလေ၀သကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ နိုင်ငံတလွှား ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းတွေလည်း မတည်မငြိမ်ဖြစ်နေပါတယ်။ ကမ်းရိုးတန်းဒေသအတော်များများမှာ ၉ မီတာလောက် အမြင့်ရှိတဲ့ လှိုင်းလုံးကြီးတွေ ရိုက်ခတ်မယ်လို့ ခန့်မှန်းထားပြီး ၁ နာရီ မိုင် ၇၀ နှုန်းနဲ့ လေပြင်းတိုက်နိုင်လို့ ပင်လယ်ကမ်းရိုးတန်းကနေ ဝေးဝေးနေဖို့ အာဏာပိုင်တွေက ပြည်သူတွေကို သတိပေးထားပါတယ်။

//
More News
Up