မသန်စွမ်း ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း ရွှေမျှော်မှန်း

မောင်လူငယ် အာဆီယံပါရာဂိမ်းပြိုင်ပွဲမှာ မသန်စွမ်း ဘောလုံး အားကစားနည်း ၂ မျိုးကို ထည့်သွင်ကျင်းပမှာဖြစ်ပြီး ဖူဆယ် (ခုနှစ်ယောက်တဖက်) ဘောလုံးအားကစားနည်းမှာ ရွှေတံဆိပ် မျှော်မှန်းထားတယ်လို့ နည်းပြဖြစ်သူက ပြောပါတယ်။ Disable fusalဖူဆယ် (ခုနှစ်ယောက်တဖက်) ဘောလုံးအားကစားနည်းနဲ့ ဖူဆယ် (ငါးယောက်တဖက်) ဘောလုံးအားကစားနည်း ၂ မျိုးကို ထည့်သွင်းကျင်းပမှာပါ။ ဖူဆယ် (၇ ယောက်တဖက်) ဘောလုံးအားကစားနည်းရဲ့ ဆက်ဆံရေးအရာရှိ ဒေါ်သိမ့်သိမ့်သဲအောင်က “ကျမတို့ ရွှေမှန်းထားပါတယ်။ ထိုင်းက ကောင်းတယ်လို့ သတင်းကြားထားတယ်” လို့ ပြောပါတယ်။ ခုနှစ်ယောက်တဖက် ကစားနည်းကို ၀င်ရောက် ယှဉ်ပြိုင်မှာက CP လို့ ခေါ်တဲ့ သူငယ်နာ အကြောတင်း မသန်စွမ်းအမျိုးအစားဖြစ်ပြီး အိမ်ရှင် မြန်မာ၊ မလေးရှား၊ ထိုင်းနဲ့ စင်ကာပူတို့ ၀င်ပြိုင်ကြမယ်လို့ ဆိုပါတယ်။ ဖူဆယ် (ငါးယောက်တဖက်) ပြိုင်ပွဲမှာတော့ ငွေဆုလောက်ပဲ မျှော်မှန်းထားတယ်လို့ ဘောလုံးအားကစားနည်းရဲ့ ဆက်ဆံရေးအရာရှိ ဦးကျော်သက်ဇော်က ပြောပါတယ်။ “အိမ်ရှင်ဖြစ်တဲ့ မြန်မာနိုင်ငံက အခုမှ စတင် ကစားတဲ့ အားကစားနည်းပါ။ ရွှေတော့ မျှော်မှန်းချက်ရှိတယ်။ ငွေဆုလောက်ပဲ မှန်းထားပါတယ်။ ထိုင်းနဲ့ မလေးအသင်းတွေက အသင်းကောင်းတွေပါ။” ဒီကစားနည်းဟာ အမြင်အာရုံ မသန်စွမ်းသူတွေအတွက် ဘောလုံးအားကစားနည်းဖြစ်ပြီး မြန်မာ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံက ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ ဆိုပါတယ်။ ခုနှစ်ယောက်တဖက် ဘောလုံးပြိုင်ပွဲကို နေပြည်တော်က ၀ဏ္ဏသိဒ္ဓိအားကစားကွင်းအမှတ် ၃ မှာ ပြုလုပ်မှာဖြစ်ပြီး ငါးယောက်တဖက် ဘောလုံးပြိုင်ပွဲကိုတော့ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်လေ့ကျင်ရေးကွင်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်မယ့် အားကစားသမားတွေကို အားကစားရွာ Cluster 7 မှာ စခန်းသွင်းထားပြီး လေ့ကျင့်ရေးကွင်း ၃ မှာ လေ့ကျင့်ပေးနေပါတယ်။ ၇ ကြိမ်မြောက် အာဆီယံ ပါရာဂိမ်းပြိုင်ပွဲကို ဇန်န၀ါရီ ၁၄ ရက်နေ့ စတင်ကျင်းပမှာဖြစ်ပြီး အားကစားနည်း ၁၂ မျိုး ထည့်သွင်းထားပါတယ်။ အာဆီယံနိုင်ငံတွေက မသန်စွမ်း အားကစားသမား ၁၁၁၃ ယောက်ကျော် ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ မသန်စွမ်းသူတွေရဲ့ အားကစားနည်းဖြစ်တဲ့ ပါရာဂိမ်းပြိုင်ပွဲကို မလေးရှားနိုင်ငံမှာ ၂၀၀၁ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်ခဲ့ပြီး ၇ ကြိမ်မြောက် အာဆီယံပါရာဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up