ရန်ကုန်ဧရိယာအတွင်း လိုင်စင်မဲ့ကားအစီး ၆၀ ကျော် မိ
DVB
·
January 7, 2014
၂၀၁၃ ခုနှစ် ၁ နှစ်အတွင်း ရန်ကုန်ဧရိယာအတွင်းထဲမှာ လိုင်စင်မဲ့ကားအစီး ၆၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ဒုရဲမှူးကြီးလင်းထွဋ်က ပြောပါတယ်။
[caption id="attachment_49847" align="alignleft" width="300"] လိုင်စင်မဲ့ ကားတစီးအား တွေ့မြင်ရစဉ်[/caption]ရန်ကုန် အမှတ်၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးခန်းမမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
ဒီ ဖမ်းမိတဲ့ လိုင်စင်မဲ့ကား ၆၀ ကျော်ထဲမှာ အစီး ၂၀ ကျော်ဟာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တံဆိပ်တွေနဲ့ အသုံးပြုထားတာလို့ သူက ရှင်းပြပါတယ်။
ဒီကားတွေကို ပိုင်ရှင်နဲ့ တွေ့တယ်ဆိုရင် ပို့ကုန်သွင်းကုန် ဥပဒေနဲ့ ဖမ်းဆီး အရေးယူပြီး ပိုင်ရှင်မဲ့ ဆိုရင်တော့ နိုင်ငံပိုင်ဘဏ္ဍာအဖြစ် သိမ်းလိုက်တယ်လို့ သူက ဆိုပါတယ်။
မြန်မာပြည်မှာ လိုင်စင်မဲ့ကားကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အများအပြားရှိတဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ အများဆုံး အသုံးပြုကြပြီး ပြီးခဲ့တဲ့နှစ်က ကားအစီး ၂၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။