မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မြောက်ပိုင်းမော့ကနင်ကျေးရွာ၊ ကျိုက်ကော့စိန်ရှိ စည်ပင်ဂိတ်ကို မီးရှို့ပြီး လက်နက်ငယ် ၁၅ ချက်လောက် ပစ်ဖောက်ခဲ့တယ်လို့ ရေး PDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။
နိုဝင်ဘာ ၄ ရက် နေ့လယ်က ဒေသခံလူငယ်နှစ်ယောက်ဖြစ်တဲ့ မောင်ညီညီနဲ့ မောင်ကြောင်မဲကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာကြောင့် နိုဝင်ဘာ ၄ ရက် ည ၇ နာရီလောက် စည်ပင်ဂိတ်ကို မီးရှို့တာလို့ ဆိုပါတယ်။
လက်ရှိ ဖမ်းဆီးခံထားရတဲ့သူ ၂ ဦးကို ချက်ချင်း ပြန်လွှတ်ပေးဖို့၊ မလွှတ်ပေးခဲ့ပါက စစ်ကောင်စီနဲ့ ပတ်သက်တဲ့ N၀n CDM သမားတွေကို အချိန်မရွေး ကွပ်မျက်သွားမယ်လို့ ရေး PDF မြောက်ပိုင်းအဖွဲ့က အသိပေးထားပါတယ်။
စစ်ကောင်စီနဲ့ ဆက်နွှယ်သူ သတင်းပေးလို့ ယူဆရသူ ဦးဇော်ဝင်းလည်း နိုဝင်ဘာ ၄ ရက် မနက်က နေအိမ်မှာ သေနတ် ၅ ချက် နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရတယ်လို့ သိရပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ စစ်ကောင်စီရဲ့လက်အောက်ခံ လက်ရှိ ရာထူးကနေ အားလုံး နုတ်ထွက်ပေးကြဖို့ ရေးမြို့ ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့က နိုဝင်ဘာ ၃ ရက်မှာ သတိပေးထားပါတယ်။
မြို့ပေါ်ရပ်ကွက် ၉ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၄၄ အုပ်စုက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ စစ်ကောင်စီက ခန့်အပ်ထားပေမဲ့ အုပ်ချုပ်ရေးမှူးရုံးအများစု ယာယီပိတ်ထားကြပါတယ်။
ရေး PDF အထူးတပ်ဖွဲ့ဟာ အုပ်ချုပ်ရေးမှူးတွေနဲ့ အုပ်ချုပ်ရေးမှူးရုံးတွေကို လုပ်ကြံသတ်ဖြတ် ဗုံးခွဲတိုက်ခိုက်တာတွေ ပြုလုပ်ထားပြီး ထိခိုက် ဒဏ်ရာရ သေဆုံးတာတွေကိုတော့ ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပါဘူး။