Saturday, June 10, 2023
HomeLead Storyအမရပူရမြို့နယ်တွင် လမ်းကြေးကောက်သူ ၁ ဦး သေနတ်ဖြင့် ပစ်ခံရ

အမရပူရမြို့နယ်တွင် လမ်းကြေးကောက်သူ ၁ ဦး သေနတ်ဖြင့် ပစ်ခံရ

မန္တလေးမြို့၊ အမရပူရမြို့နယ် ၊ ဥယျာဥ်တော်ကျေး ရွာအုပ်စု၊ တဲနံ့သာကျေးရွာမှာ နိုဝင်ဘာ ၄  ရက် မနက် ၆ နာရီကျော်က ကျေးရွာအဝင်အထွက်လမ်းကြေး ကောက်တဲ့ အမျိုးသား တယောက် သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရသူဟာ ချစ်ကိုဆိုသူ ဖြစ်ပြီး ရွာအဝင်တံခါးမှာ အဝင် အထွက်လမ်းကြေးကောက်ဖို့ စောင့်ဆိုင်းနေချိန်မှာ ပစ်သတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

“တဲနံ့သာရွာဘက်မှာ ပစ်ခံရတာ။ ရွာအဝင်အထွက် လမ်းကြေးကောက်တဲ့ ကောင်လေး။ ခေါင်းကို သေနတ်နဲ့ ပစ်ခံရတာဆိုတော့ သေနိုင်တယ်။” လို့ အနီးပါတ်ဝန်းကျင်ကျေးရွာမှာ နေထိုင်တဲ့ ပြည်သူတစ်ဦး က ပြောပါတယ်။

သေနတ်ပစ်ခံရပြီးမကြာခင်မှာ အရပ်ဝတ်ရဲတွေနဲ့ လက်နက်ကိုင်တချို့ရောက်လာပြီး စစ်ဆေးတာတွေ လုပ်သွားတယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular