မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်က ကျေးရွာ ၃ ရွာမှာ စစ်ကောင်စီ စီးပွားရေးထောက်တိုင် Mytel တာဝါတိုင် ၃ တိုင် နိုဝင်ဘာ ၂ ရက်ညက ဖျက်ဆီးခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ငါန်းဇွန်မြို့နယ် ကျောက်တစ်လုံးရွာ၊ ကုလရွာနဲ့ လက်ပံကျင်းကျေးရွာတွေက Mytel တာဝါတိုင်တွေ ဗုံးခွဲ မီးရှို့ဖျက်ဆီးခံရတာလို့ ဆိုပါတယ်။
မြို့ခံတစ်ဦးက “ငါန်းဇွန်နယ်က တာဝါတိုင်တွေကို နိုဝင်ဘာ ၂ ရက်နေ့ကမှ အသစ်ဖွဲ့လိုက်တဲ့ Ngazun's HEROS အဖွဲ့က ဖောက်ခွဲ ဖျက်ဆီးခဲ့တာဗျ။ မနက်က အဖွဲ့အစည်းဖွဲ့တယ်လို့ သိရပြီး ညကျ မိုင်တဲ တိုင်တွေ ကိစ္စချောတာပါပဲ။ အတော် လက်သွက်တဲ့အဖွဲ့” လို့ ပြောပါတယ်။
ကျောက်တလုံးရွာက တာဝါတိုင်ကို နိုဝင်ဘာ ၂ ရက် ည ၉ နာရီနဲ့ လက်ပံကျင်းရွာက တာဝါတိုင်ကို ည ၁၁ ခွဲလောက်မှာ Ngazun's HEROS အဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
ကုလရွာက Mytel တာဝါတိုင်ကိုတော့ အောက်တိုဘာ ၂ ရက် ည ၁၀ နာရီခွဲမှာ Ngazun's HEROS နဲ့ ညီနောင်အဖွဲ့ GTR MMU တို့ ပူးပေါင်းဖျက်ဆီးခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။