Saturday, June 10, 2023
HomeLead Storyမြောင်မြို့နယ်တွင် စစ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ၊ ရဲနှင့်စစ်သား ၁၅ ဦး သေဆုံး

မြောင်မြို့နယ်တွင် စစ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ၊ ရဲနှင့်စစ်သား ၁၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဘိုးမြတ်သာရွာ တောင်ဘက်က ပေါက်တောချောင်းတံတားအနီးမှာ စစ်ကောင်စီ ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ၁၅ ဦးထက်မနည်း သေဆုံးတယ်လို့  သိရပါတယ်။

မြောင်မြို့နယ် မဟာမိတ်တပ်ဖွဲ့ ၁၀ ဖွဲ့ ပူးပေါင်းပြီး နိဝင်ဘာ ၂ရက်နေ့ နေ့လည် ၂ နာရီခွဲလောက်က စစ်ကောင်စီယာဉ်တန်း ၃ စီးကို မိုင်း ၁၀ လုံးခွဲတိုက်ခိုက်ခဲ့တာလို့ မဟာမိတ်အဖွဲ့တွေက အတည်ပြုပြောဆိုပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် ယာဉ်ပေါ်ပါလာတဲ့ အကြမ်းဖက် စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ အဝေးကို လွှင့်စင်ခဲ့ကြကာ ၁၅ ဦး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ CDSOM အဖွဲ့က ဦးဆောင်ပြီး Burmese Guerrilla Fore- BGF  Myaung Union Army – MUA၊ နှလုံးလှလူမိုင်ကြီးများအဖွဲ့၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့၊ MGN TIGER၊ MGN RANGER ၊ PDF Taloke ၊ Myaung Special People Defense Force နဲ့ Myaung Woman Warriors- M2W စတဲ့ မဟာမိတ်အဖွဲ့ ၁၀ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့က တန်ဖိုးရှိရှိ မြင့်မြတ်စွာ ကျဆုံးခဲ့တဲ့ သူရဲကောင်းရဲဘော်အင်းဆက်အတွက် သွေးကြွေးပေးဆပ်တာလို့ မဟာမိတ်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရရှိတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular