မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်း အုန်းကိုင်းရပ်ကွက်က ငါးပတ်တောင် ကမ်းပါးက ပေ ၇၀ ပတ်လည်ရှိတဲ့ ကျောက်တောင်ပြိုကျမှုကြောင့် ပိတ်မိနေသူအမျိုးသားတစ်ဦးကို နိုဝင်ဘာ ၂ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၄၀ က သေဆုံးလျက် ရှာဖွေတွေ့ရှိရတယ်လို့ သိရပါတယ်။
"ရှာတွေ့တဲ့အချိန်မှာ ခန္ဓာကိုယ်က ခဲကြားထဲညှပ်နေတာ၊ ခန္ဓာကိုယ် နှစ်ပိုင်းကျိုးသွားတယ်၊ ခြေထောက်တွေပြတ်သွားတယ်။ Dead Body ကို ဆေးရုံပို့ထားပြီးပြီ” လို့ မိုးကုတ်မြို့နယ်ကြက်ခြေနီအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
မနက် ၆ နာရီဝန်းကျင်မှာ ကျောက်တောင်ပြိုကျခဲ့တာဖြစ်ပြီး အမျိုးသမီးတစ်ဦးဦးခေါင်းထိခိုက်ဒဏ်ရာရသွားပြီး ပိတ်မိနေသူအမျိုးသားကို သေဆုံးလျက်တွေ့ရှိခဲ့တာလို့ သိရပါတယ်။
သေဆုံးသွားသူ အမျိုးသားက ဗိုလ်ကုန်း ရပ်ကွက်က ဖြစ်ပြီး လာကူညီပေးချိန်မှာ ပိတ်မိပြီး သေဆုံးသွားခဲ့တာလို့ သိရပါတယ်။
ပေ ၇၀ ပတ်လည် ကျောက်ဖျာပြိုကျမှုကြောင့် လူနေအိမ်လည်း ပိမိသွားတာဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ မနက် ၆ နာရီကနေ ညနေပိုင်းအထိ ရှာဖွေကယ်ဆယ်ခဲ့ရတယ်လို့ သိရပါတယ်။