ပြည်တွင်းလေဆိပ် ၃၀ ပုဂ္ဂလိက ချပေးမည်
DVB
·
January 7, 2014
ခရီးသွားလုပ်ငန်း ၀န်ဆောင်မှု ပိုကောင်းလာရေးအတွက် ပြည်တွင်းလေဆိပ် ၃၀ ကို ပုဂ္ဂလိက လုပ်ပိုင်ခွင့် ချပေးတော့မှာ ဖြစ်ပါတယ်။
[caption id="attachment_32569" align="alignleft" width="300"] မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်[/caption]ခရီးသွားလုပ်ငန်း ၀န်ဆောင်မှု ပိုကောင်းမွန်စေဖို့နဲ့ ပုဂ္ဂလိကကဏ္ဍ တိုးမြှင့်လာစေဖို့ အပါအ၀င် မြို့ပြလေကြောင်း အဆောက်အအုံနဲ့ နည်းပညာအဆင့်အတန်းမြင့်မားလာစေဖို့ ရည်ရွယ်ပြီး အခုလို လုပ်ပိုင်ခွင့် ချပေးတာလို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ပုဂ္ဂလိက လုပ်ငန်းရှင်တွေအနေနဲ့ ပြည်တွင်း လေဆိပ် ၃၀ မှာ ၀န်ဆောင်မှု ပြုလုပ်လိုပါက ဇန်န၀ါရီ ၁ ရက်ကနေ ၃၁ ရက်အထိ အဆိုပြုလွှာပေးပို့နိုင်တယ်လို့ ဆိုပါတယ်။
အဆိုပြုလွှာပေးပို့ရာမှာ လေဆိပ်အမည်နဲ့ မိမိ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လိုတဲ့ အမျိုးအစားတွေကို ထည့်သွင်း ဖော်ပြရမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ပြည်တွင်း လေဆိပ် ၃၀ ကို ပုဂ္ဂလိကကို ချထားပေးရာမှာ ပွင့်လင်းမြင်သာမှု ရှိစေဖို့အတွက် တင်ဒါစနစ်နဲ့ ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။