Sunday, June 11, 2023
HomeLead Storyပြည်မြို့တွင် တပ်ထောက်ခံပွဲ ပြုလုပ်နေချိန် ဗုံးပေါက်

ပြည်မြို့တွင် တပ်ထောက်ခံပွဲ ပြုလုပ်နေချိန် ဗုံးပေါက်

ပဲခူးတိုင်း ပြည်မြို့ ပြည်သူ့ဆေးရုံကြီးအဝင်ဝ ထောင့်နဲ့ရထားသံလမ်းကြားမှာ နိုဝင်ဘာ ၂ ရက်နေ့ ၁၀ နာရီဝန်းကျင်က တပ်ထောက်ခံပွဲ ပြုလုပ်နေချိန်  ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “တပ်ထောက်ခံပွဲလုပ်ဖို့ စကားတွေဟောပြောနေတုန်း ရှိသေးတယ်။ ဗုံးပေါက်သွားတာ၊ အကုန်ခွေးပြေး ဝက်ပြေး ပြေးကြတာ၊ ဘယ်သူမှတောင် မရှိတော့ဘူး။ ထိခိုက်ဒဏ်ရာရသူလည်း မရှိဘူး”လို့ ပြောပါတယ်။

တပ်ထောက်ခံပွဲလုပ်ဖို့ လမ်းဆုံမှာ စုပြီး လူအယောက် ၁၀၀ ဝန်းကျင်နဲ့ ဟော​ပြောနေတုန်း အနောက်မှာ ဗုံးကွဲတာကြောင့် လူတွေပြေးကုန်ပြီး တပ်ထောက်ခံပွဲလည်း ပျက်သွားတယ်လို့ သိရပါတယ်။

တပ်ထောက်ခံပွဲအတွက် စုရပ်ကို ပြည်မြေအောက်ပြောက်ကျားတပ်ဖွဲ့ PUGF အဖွဲ့ ၅ က  ဗုံးဖောက်ခွဲခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular