မန္တလေးနဲ့ ပြင်ဦးလွင်ကြားမှာ အောက်တိုဘာ ၃၁ ရက် မနေ့ည ၉ နာရီဝန်းကျင်က စစ်ကောင်စီနဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့တို့တိုက်ပွဲ ဖြစ်တာကြောင့် ၁၆ မိုင် စစ်ဆေးရေးဂိတ်မှာ အတက်ကားတွေကို ထွက်ခွင့်မပေးဘဲ တားဆီးထားတယ်လို့ ယာဉ်မောင်း တွေဆီက သိရပါတယ်။
“၁၆ မိုင် ဂိတ်မှာ ကားတားထားပါတယ်။ တိုက်ပွဲ ဖြစ်နေလို့။ သေနတ်သံ ကြား လိုက်တယ်ဗျ။” လို့ လက်ရှိ အဲဒီနေရာ ရောက်နေတဲ့ ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။
အရင်ရက်တွေကတော့ မန္တလေးနဲ့ ပြင်ဦးလွင်ကြားမှာအဲလို တိုက်ပွဲမဖြစ်ခဲ့ဘူးလို့ မန္တလေးနဲ့ ပြင်ဦးလွင် ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။
“ရောက်ရောက်ချင်း အသံနှစ်ချက် ကြားရတယ်။ ၉ နာရီ ၁၀ မိနစ်လောက်ကပါ။ မန္တလေး- ပြင်ဦးလွင်ကြား ၁၆ မိုင်စစ်ဆေးရေးဂိတ်မှာ။ ခါတိုင်း မဖြစ်ဖူးဘူး။ ခါတိုင်း ညသွား လို့ ရတယ်ဗျ။ ကျနော်ကိုယ်တိုင်သွားတာ။” လို့ သူက ပြောပါတယ်။
စစ်ကောင်စီနဲ့ ဘယ်အဖွဲ့နဲ့ တိုက်ပွဲဖြစ်သလဲ ဆိုတာတော့ မသိသေးကြောင်းနဲ့ ခရီးသွား ယာဉ်မောင်းတွေ လုံခြုံတဲ့နေရာ လမ်းဘေးအိပ်ရလိမ့်မယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။