Wednesday, May 31, 2023
HomeLead Storyရုပ်သံအင်တာဗျူးတွင် အော်ဟစ်ခဲ့ကြသည့် ပရိသတ်ကို ပြီးမှဆဲဆိုရန် ဆိုးလ်ရှား တုံ့ပြန်

ရုပ်သံအင်တာဗျူးတွင် အော်ဟစ်ခဲ့ကြသည့် ပရိသတ်ကို ပြီးမှဆဲဆိုရန် ဆိုးလ်ရှား တုံ့ပြန်

စပါးအသင်းနဲ့ပွဲစဉ်အပြီး ရုပ်သံအင်တာဗျူးချိန်မှာ နှောင့်ယှက်ခဲ့သူတွေကို ပြီးမှဆဲဆိုဖို့ နည်းပြ ဆိုးလ်ရှားက ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ 

နည်းပြဆိုးလ်ရှားဟာ စပါးအသင်းကို ၃ ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ မန်ယူနိုက်တက်အသင်းမီဒီယာက ကွင်းထဲ အင်တာဗျူးပြုလုပ်ခဲ့ပါတယ်။ 

အင်တာဗျူးတဲ့ နေရာက ပွဲကြည့်စင်နဲ့နီးပြီး ကွင်းထဲကနေ မပြန်ဘဲဆက်ရှိနေတဲ့ စပါးပရိသတ်တချို့က အင်တာဗျူး လုပ်နေတဲ့ ဆိုးလ်ရှားကို အော်ဟစ်ဆဲဆိုခဲ့ကြတာပါ။

ဆိုးလ်ရှားဟာ မီဒီယာရဲ့မေးခွန်းကို ဖြေကြားရင်းကနေ ခတ္တရပ်ပြီး “ဒီအင်တာဗျူးပြီးမှ ကျနော့်ကို ဆဲဆိုကြလို့ မရဘူးလားခင်ဗျာ” ဆိုပြီး  ပရိသတ်တွေကို လှမ်းပြောခဲ့တာဖြစ်ပါတယ်။ 

အဲဒီနောက်မှာတော့ ယူနိုက်တက်ကစားသမားတွေအနေနဲ့ အပြင်းအထန်ကြိုးစားခဲ့ကြပြီး စပါးအသင်းကို အနိုင်ရခဲ့တဲ့အပေါ် ကစားသမားတွေရဲ့ ခြေစွမ်းကိုလည်း ချီးကျူးခဲ့ပါတယ်။ 

နည်းပြဆိုးလ်ရှားဟာ စပါးနဲ့ ပွဲမတိုင်ခင်မှာ ထုတ်ပယ်ခံရဖို့နီးစပ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ နိုင်ပွဲနဲ့အတူ ဖိအားအနည်းငယ်လျော့ပါးသွားခဲ့ပြီ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular