ကျေးလက် ဖွံ့ဖြိုးရေး ကျပ်ငွေ ဘီလီယံ ၃၀ ကျော် သုံးမည်

မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်
မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆ သောင်းကျော်ရှိတဲ့အနက် ကျေးရွာပေါင်း ၁ ထောင် ကျော်ရဲ့ ရေရရှိရေး၊ လျှပ်စစ်မီး ရရှိရေးနဲ့ အခြား ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ကျပ်ငွေ ဘီလီယံ ၃၀ ကျော် အသုံးပြုမယ်လို့ မွေးမြူရေး၊ ရေလုပ်ငန်းဦးဌာနနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောပါတယ်။ [caption id="attachment_48991" align="alignleft" width="300"]မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်[/caption]ကျေးရွာတရွာအတွက် ကျပ်ငွေ သိန်း ၃၀၀ အသုံးပြုမှာ ဖြစ်ပြီး စီမံကိန်းကို အခု ၂၀၁၄ ဇန်န၀ါရီမှာ စတင်မယ်လို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံထဲက ကျေးရွာတွေအားလုံးမှာ စီမံကိန်း အကောင်အထည် မဖော်နိုင်သေး ပေမယ့် ရွေးချယ်ထားတဲ့ ကျေးရွာတွေမှာ စတင် အကောင်အထည် ဖော်တာ ဖြစ်ပြီး စီမံကိန်းတွေ အောင်မြင်ရင် နောက်ထပ် အခြားကျေးရွာတွေမှာလည်း ဆက်ပြီး အကောင်အထည် ဖော်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးက နေပြည်တော်မှာ လုပ်တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ညှိနှိုင်းအစည်းအဝေးမှာ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up