ဘဂ္ဂဒက်မြို့တွင် ကားဗုံးကွဲမှုကြောင့် ၁၉ ဦး သေဆုံး

ဓာတ်ပုံ ရိုက်တာ
အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်ရဲ့ စီးပွားရေးရပ်ကွက်မှာ ကားဗုံးနဲ့ လမ်းဘေးမှာ ထောင်ထားတဲ့ ဗုံးတွေ ဇန်န၀ါရီ ၅ ရက်က ပေါက်ကွဲခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၉ ဦး သေဆုံးတယ်လို့ ရဲဘက်နဲ့ ဆေးဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။ [caption id="attachment_49748" align="alignleft" width="300"]ဓာတ်ပုံ ရိုက်တာ ဓာတ်ပုံ ရိုက်တာ[/caption]ဘဂ္ဂဒက်မြို့ မြောက်ပိုင်း ရှီးယားမွတ်စလင်တွေ ကြီးစိုးရာ ရှာ့ဘ်ခရိုင်မှာ လူအသေအပျောက် အများဆုံး တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကားဗုံး ၂ လုံး ပေါက်ကွဲခဲ့လို့ အနည်းဆုံး လူ ၁၉ ဦး သေဆုံးပြီး ၂၅ ယောက် ဒဏ်ရာရပါတယ်။ ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ဘယ်အုပ်စုကမှ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ဆွန်နီမွတ်စလင်သူပုန်တွေက အီရတ် လုံခြုံရေးတပ်တွေနဲ့ ရှီးယားမွတ်စလင်တဦး ဖြစ်တဲ့ အီရတ်ဝန်ကြီးချုပ် နူးရ် အယ်လ်မာလိခိရဲ့ အစိုးရနဲ့ ထောက်ခံသူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရှေ့ဆက်လုပ်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဘဂ္ဂဒက်နဲ့ ကာကတ်မြို့တွေကြား အဓိက လမ်းမကြီးရဲ့ စစ်ဆေးရေးဂိတ် အတုတခုကို သေနတ်သမားတွေက ဖန်တီးထားပြီး ကားမောင်းသမား ၆ ယောက်ကို သတ်ပစ်မှုတခု ဇန်န၀ါရီ ၄ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ အစိုးရ အာဏာပိုင်တွေကို အပြင်းအထန် စိန်ခေါ်တဲ့အနေနဲ့ အန်ဘာခရိုင်က ဆွန်နီမွတ်စလင်တွေ ကြီးစိုးရာ အဓိက မြို့တွေ ဖြစ်တဲ့ ရာမာဒီနဲ့ ဖာလူဂျာ မြို့တွေကို အယ်လ်ကေဒါတွေနဲ့ ချိတ်ဆက်ထားတဲ့ အစ္စလာမစ် စစ်သွေးကြွတွေနဲ့ လူမျိုးစု တိုက်ခိုက်ရေး သမားတွေက သိမ်းပိုက်ထားပါတယ်။ အီရတ်အစိုးရတပ်နဲ့ မဟာမိတ် လူမျိုးစုတပ်တွေက ခရိုင်ကို ပြန်သိမ်းနိုင်ရေး ကြိုးစားနေဆဲပါ။ အမေရိကန်အစိုးရအနေနဲ့ အီရတ် အစိုးရတပ်တွေကို ထောက်ပံ့မှာ ဖြစ်ပေမယ့် အမေရိကန်တပ်တွေကိုတော့ စေလွှတ်မှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဇန်န၀ါရီလ ၆ ရက်နေ့က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up