Home
မြန်မာသတင်း
မအူပင်တွင် စစ်အုပ်စုတပ်သားများ ကင်းပုန်းဝပ်နေတဲ့နေရာ ဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲ
DVB
·
October 31, 2021

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ အောက်တိုဘာ ၃၁ ရက်နေ့ မနက်ပိုင်းက စစ်အုပ်စုတပ်သားတွေ ကင်းပုန်းဝပ်နေတဲ့ နေရာမှာ ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ 

စစ်တပ်သတင်းပေးနေတဲ့သူတွေနဲ့အတူ စစ်အုပ်စုတပ်သားတွေ ကင်းပုန်းဝတ်နေတဲ့ မအူပင်မြို့အဝင် လယ်ယာသုံးပစ္စည်းအရောင်းဆိုင်နားမှာ ဒီနေ့မနက် ၉ နာရီကျော်လောက်က ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ 

“ပေါက်တဲ့အချိန်နဲ့ ဟိုကောင်တွေ လာတဲ့အချိန်နဲ့ လွဲသွားတာ။ ပေါက်တာကတော့ သူတို့ကင်းပုန်းဝပ်တဲ့နေရာ ပေါက်တာ။ အဲ့နောက်ပိုင်းတော့ ကားတွေနဲ့ရောက်လာတယ်၊ ထုံးစံအတိုင်း ဆဲဆိုပြီးခြိမ်းခြောက်တာတွေ လုပ်နေတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။ 

မအူပင်မြို့မှာ စစ်တပ်အမာခံသတင်းပေး အသတ်ခံရတာတွေ၊ ဗုံးပေါက်ကွဲတာတွေနဲ့ပတ်သက်ပြီး ဒေသခံလူငယ်တွေနဲ့ လုပ်ငန်းရှင်တွေကို ရဲစခန်းအချုပ် မဆံ့အောင် ဖမ်းဆီးအရေးယူတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

မအူပင်မြို့မှာ အောက်တိုဘာလအတွင်း စစ်အုပ်စုနဲ့ ပတ်သက်တဲ့နေရာတွေမှာ ဗုံး ၁၅ ကြိမ်ထိ ပေါက်ကွဲခဲ့ပြီး စစ်တပ်သတင်းပေး အမျိုးသား ၂ ဦး အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024