စနေနေ့က ကစားသွားတဲ့ ပရီးမီယားလိဂ်ပွဲစဉ်တွေမှာ မန်ချက်စတာစီးတီးက အိမ်ကွင်းမှာ ခရစ်စတယ်ပဲလေ့ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးပြီး၊ လီဗာပူးက ဘရိုက်တန်နဲ့ သရေကျသွားတဲ့အတွက် ချဲလ်ဆီးအသင်းဟာ အမှတ်ပေးဇယား ထိပ်ဆုံးကို ရောက်လာပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ ချဲလ်းဆီးအသင်းဟာ နယူးကာဆယ်ကို ၃ ဂိုး ပြတ်နဲ့ နိုင်လိုက်ပါတယ်။
ချဲလ်ဆီးအသင်းအတွက် ဂိုးတွေကို Reece James က ၂ ဂိုးသွင်းပေးခဲ့ပြီး တတိယမြောက် ဂိုးကတော့ Jorginho က ပယ်နတီကနေ သွင်းပေးခဲ့လို့ ချဲလ်ဆီးအတွက် ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့ပွဲ ဖြစ်ပါတယ်။
၁၀ ပွဲ ကစားပြီးတဲ့အချိန်မှာ ချဲလ်ဆီးအသင်းက ၂၅ မှတ်နဲ့ ဇယားထိပ်မှာ ရပ်တည်နေပြီး သူ့နောက်မှာတော့ လီဗာပူးအသင်း ၃ မှတ်အကွာနဲ့ ရှိနေပါတယ်။
ဇယားရဲ့ တတိယနေရာမှာတော့ ချန်ပီယံဖြစ်တဲ့ မန်ချက်စတာစီးတီးက နောက်ထပ် ၂ မှတ်အကွာနဲ့ ရှိနေပါတယ်။