တောင်ကိုရီးယား ဆေးသိပံ္ပပညာရှင်များ ကင်ဆာကုထုံးသစ် တွေ့ရှိ

တောင်ကိုရီးယား ဆေးသိပံ္ပပညာရှင်တွေဟာ ကင်ဆာရောဂါ ရှာဖွေကုသတဲ့ နည်းလမ်းသစ်ကို ရှာဖွေတွေ့ရှိထားပြီး မကြာခင်မှာ စတင်အသုံးချနိုင်တော့မယ်လို့ ပြောပါတယ်။ မျိုးဗီဇပြောင်းလဲထားတဲ့ ဘက်တီးရီးယား ၁ မျိုးနဲ့ စက်ရုပ်နည်းပညာ ပေါင်းစပ်ထားတဲ့ ကုထုံးသစ်ဟာ လက်ရှိ ကုထုံးတွေထက် ပိုထိရောက်ပြီးတော့ ဘေးထွက်ဆိုးကျိုးလည်း နည်းတယ်လို့ ချွန်နမ်း အမျိုးသားတက္ကသိုလ်က ဆေးသုတေသနအဖွဲ့ ခေါင်းဆောင် ပတ်ဂျုံအို က ပြောပါတယ်။ Koreaဘက်တီးရီယိုဘော့ဒ်လို့ နာမည်ပေးထားတဲ့ ကုထုံးရဲ့ အခြေခံသဘောတရားကတော့ မျိုးဗီဇ ပြောင်းထားတဲ့ အကျိုးပြု ပိုးမွှားလေးက လူခန္ဓာကိုယ်ထဲမှာ ကင်ဆာရောဂါဆဲလ်တွေကို ရှာဖွေပေးပါလိမ့်တယ်။ အဲဒီ ပိုးမွှားလေးကပဲ ကင်ဆာရောဂါကို တိုက်ဖျက်တဲ့ဆေးရည်ကို အလွန်သေးငယ်တဲ့ ကိရိယာနဲ့ သယ်ဆောင်ထားပါတယ်။ ရောဂါဆဲလ်တွေကို တွေ့တဲ့အခါမှာ ဆေးရည်ကို အလိုအလျောက် ပက်ဖြန်းပေးမှာ ဖြစ်ပါတယ်။ ဒီလို ကုထုံးသစ်ဟာ နန်နိုရိုဘော့ဒ်လို့ ခေါ်တဲ့ သေးငယ်ခဲ့စက်ရုပ်နည်းပညာကို သုံးထားတဲ့ ကမ္ဘာ့ ပထမဆုံး ကင်ဆာရောဂါ ကုထုံးဖြစ်ပါတယ်။ လောလောဆယ် ဓာတ်ခွဲခန်း စမ်းသပ်မှုတွေအရ ဘက်တီးရီယိုဘော့ဒ် ကုထုံးသစ်နဲ့ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာတို့လို အစိုင်အခဲ ကင်ဆာဆဲလ်တွေကို ရှာဖွေပေးနိုင်တယ်လို့ ဆေးသုတေသနအဖွဲ့ရဲ့ ခေါင်းဆောင် ပတ်ဂျုံအို က ပြောပါတယ်။ နောက်ထပ် အချိန်တိုကာလအတွင်းမှာ တခြား ကင်ဆာဆဲလ်တွေကိုလည်း ရှာဖွေနိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေတွေ့ရှိဖို့ မျှော်လင့်တယ်လို့လည်း ပတ်ဂျုံအိုက ပြောပါတယ်။ အမှုန်အမွှားအရွယ် သေးငယ်တဲ့ စက်ရုပ်နဲ့ ရောဂါကုထုံးကြောင့် ကုသမှုကို ပိုလွယ်ကူရုံ သာမက၊ လက်ရှိ ကုသနေတဲ့ ကမ်မိုသရဖီ ကုထုံးမှာလို ဆံပင်တွေ ကျွတ်တာ၊ သွေးနီဥတွေ ပျက်စီးတာနဲ့ မအီမသာ ဖြစ်တာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေကို မခံစားရတော့ဘူးလို့လည်း ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up