ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ပုသိမ်-ငွေဆောင်ကားလမ်းမှာ အောက်တိုဘာလ ၂၉ ရက် နေ့လယ်က စိတ်ကြွရူးသွပ်ဆေးပြား အပြား ၂၀၀၀ နီးပါးဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ပုသိမ်-ငွေဆောင်ကားလမ်း သံပတ်ဂွလမ်းဆုံနားမှာ ပုသိမ်ဘက်နေ ငွေဆောင်ဘက်ကို မောင်းနှင်လာတဲ့ ဆိုင်ကယ် ၂ စီးကို တားဆီးစစ်ဆေးရာက စိတ်ကြွရူးသွပ်ဆေးပြား ၁၉၁၁ ပြားနဲ့ အတူ အမျိုးသား ၄ ဦးကို ဖမ်းမိ ခဲ့တာလို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
ဖမ်းဆီးရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၁၁ ပြားရဲ့ တန်ဖိုးဟာ ကာလတန်ဖိုး ၅၇ သိန်းကျော်ရှိပြီး လက်ရှိ အချိန်မှာ တခြားကွင်းဆက်တရားခံတွေ ဖမ်းမိဖို့အတွက် စစ်ဆေးမေးမြန်း နေတယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ အောက်တိုဘာလ ၁၂ ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား တသောင်းနီးပါး ဖမ်းမိခဲ့ပါတယ်။