ပါရာဂိမ်းဖွင့်ပွဲ လက်မှတ် စတင် ရောင်းချ

1.3K
ဇန်န၀ါရီ ၁၄ ရက်နေ့ နေပြည်တော်မှာ စတင် ကျင်းပမယ့် ၇ ကြိမ်မြောက် အာဆီယံ မသန်စွမ်း ပါရာဂိမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအတွက် လက်မှတ်တွေ စတင် ရောင်းချနေပါတယ်။
နေပြည်တော် Accreditation Centre မှာ လာရောက် ၀ယ်ယူနိုင်ပါတယ်။ လက်မှတ် ၁ စောင် ၅၀၀၀ ကျပ်၊ ၁ ဦး ၂ စောင်နှုန်းနဲ့ ၀ယ်ယူနိုင်ပါပြီ။
မသန်စွမ်းသူတွေရဲ့ ၇ ကြိမ်မြောက် အာဆီယံ ပါရာဂိမ်းပြိုင်ပွဲကို နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိအားကစားကွင်းမှာ ဇန်န၀ါရီ ၁၄ ရက်နေ့မှာ ၂၀ ရက်နေ့ထိ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။
အားကစားနည်း ၁၁ မျိုး ကျင်းပ ပြုလုပ်မှာ ဖြစ်ပြီး အာဆီယံ ၁၁ နိုင်ငံက မသန်စွမ်းအားကစားသမား ၁၁၁၃ ယောက် ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။