တရားစီရင်ရေးစနစ် တိုးတက်စေမည့် ဥပဒေကို ကျူးဘားလွှတ်တော်အတည်ပြု

တရားရုံးတွေ၊ ရာဇ၀တ်မှုနဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို လွှမ်းမိုးအာဏာရှိတဲ့ ဥပဒေတွေကို ကျူးဘားနိုင်ငံ အမျိုးသားလွှတ်တော်က အောက်တိုဘာ ၂၈ ရက်မှာ တညီတညွတ်တည်း အတည်ပြုခဲ့ပါတယ်။ 

အဲဒီဥပဒေတွေဟာ ၂၀၁၉ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ တရားမျှတမှုရရှိရေး၊ တရားစီရင်ရေးဆိုင်ရာ အကာအကွယ်ပေးရေးနဲ့ တရားစီရင်ရေးဆိုင်ရာ အခွင့်အရေးများကို တိုးတက်စေတဲ့ လုပ်ထုံးလုပ်နည်းဥပဒေလို့ ကျူးဘားဥပဒေပြုအမတ်တွေက သဘောတူညီခဲ့ကြ ပါတယ်။ 

ကျူးဘားသမ္မတ  မီဂဲလ် ဒီရက်ဇ် ကန်နယ် ရဲ့ရှေ့မှောက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေရေးရာ ကော်မရှင်ရဲ့တာဝန်ခံ ဥပဒေပြုလွှတ်တော်အမတ် ဟိုဆေးလူးဝစ် တိုလေးဒူက အရေးယူ ဆောင်ရွက်မှုတွေရဲ့ ကောင်းကွက်တွေကို ပြောပြပါတယ်။

ဥပဒေအသစ်ဟာ နိုင်ငံသား၊ မိသားစု၊ စီးပွားရေး၊ အလုပ်သမားနဲ့ လူမှုဖူလုံရေးကိစ္စတွေအတွက် ဆက်လက် ဆောင်ရွက်ရမယ့် နည်းလမ်းကို ပေါင်းစပ်ထားတယ်လို့ ဆိုပါတယ်။ 

ဥပဒေသစ်အရ နိုင်ငံသားတွေကို သူတို့ရဲ့ ကိုယ်ပိုင်တရားရုံးဖိုင်တွေနဲ့ စာရွက်စာတမ်းတွေကို ဝင်ရောက်ကြည့်ရှုခွင့် ပေးမှာဖြစ်ပါတယ်။ 

ဒီကျင့်ထုံးဥပဒေဟာ တရားမျှတမှုကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်စေဖို့အတွက် မသန်စွမ်းသူတွေ၊ အရွယ်မရောက်သေးသူတွေ ပါဝင်ပတ်သက်နေတဲ့ ကျားမရေးရာ သို့မဟုတ် မိသားစု အကြမ်းဖက်ခံ ရသူတွေနဲ့ အားနည်းတဲ့အခြေအနေတွေရှိတဲ့ နိုင်ငံသားတွေနဲ့ပတ်သက်တဲ့ တခြား အခြေအနေတွေ အတွက် အကာအကွယ်တွေ ပါရှိပါတယ်။

ကြာသပတေးနေ့က အတည်ပြုခဲ့တဲ့ ဥပဒေတွေဟာ ၂၀၂၂ ခုနှစ်မှာ အသက်ဝင်မှာဖြစ်ပါတယ်။ ကျူးဘားဥပဒေပြုရေးဌာနခွဲရဲ့အဆိုအရ ဒီဥပဒေတွေဟာ နိုင်ငံရဲ့တရားစီရင်ရေးစနစ်အတွက် လူမှုရေး တရားမျှတမှုကို မြှင့်တင်ဖို့ ပိုပြီးအားကောင်းလာစေမယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up