မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားသူတွေအများအပြား ဖမ်းဆီးတရားစွဲဆို ထောင်ချရလေ့ရှိတဲ့ ပုဒ်မ ၁၈ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကို ချိုးဖောက်မှု အပါဝင် ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီတဲ့ မတရားတဲ့ ဥပဒေများ ပယ်ဖျက်၊ ပြင်ဆင်ရေး၊ ဥပဒေနှင့် မလျော်ညီတဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွေ ရပ်တန့်ရေးအတွက် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီကနေ့ ညနေ ၃ နာရီက ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို မဟာဗန္ဓုလပန်းခြံထောင့်နဲ့ ဧမာနွေလ အနီးမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ တရားဝင် ပထမဆုံးအကြိမ် ဆန္ဒပြတာဖြစ်ပြီး လူ ၂၀၀ သာ ခွင့်ပြုချက်ရရှိတယ်လို့ဆိုပါတယ်။
ဒါပေမယ့် ဒီနေ့ ဆန္ဒပြပွဲကို ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအပါအ၀င် လူပေါင်း ၁၀၀၀ လောက် ပါဝင်ခဲ့ကြပါတယ်။ (ဓာတ်ပုံ - ကျော်ဇေယျာဝင်း)
[gallery ids="49702,49703,49704,49705,49706,49707,49708,49709,49710"]