ပြည်နယ်နဲ့တိုင်း ၉ ခုက မြို့နယ်တချို့ကလွဲပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေက စာသင်ကျောင်းတွေအားလုံးကို နိုဝင်ဘာ ၁ ရက်ကစပြီး ဖွင့်တော့မယ်လို့ စစ်ကောင်စီလက်အောက်ခံ ကိုဗစ်ထိန်းချုပ်ရေး ဗဟိုကော်မတီက ကြေညာပါတယ်။
လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း လူဦးရေ ၁ သိန်းမှာ ပိုးတွေ့ရာခိုင်နှုန်းနဲ့ ကိုဗစ် အတည်ပြုလူနာတွေ့နှုန်းတို့ကို ဆန်းစစ်သုံးသပ်ပြီး မြို့နယ် ၄၆ ခုက လွဲလို့ ကျန်မြို့နယ်တွေက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ အပါအဝင် အခြေခံပညာဦးစီးဌာနလက်အောက်က ကျောင်းအားလုံး ပြန်ဖွင့်မယ်လို့ ဆိုပါတယ်။
ကျောင်းမဖွင့်သေးမဲ့ မြို့နယ်တွေကတော့ ကချင်ပြည်နယ်မှာတော့ နောင်မွန်း၊ ပူတာအို၊ ဗန်းမော်၊ မိုးကောင်း၊ မိုးညှင်းနဲ့ ချီဖွေမြို့နယ်နဲ့ ကယားပြည်နယ်မှာ ဖားဆောင်း၊ ဘော်လခဲနဲ့ မယ်စဲ့မြို့နယ်တို့ ဖြစ်ပါတယ်။
ကရင်ပြည်နယ်မှာတော့ ဖာပွန်၊ သံတောင်ကြီးမြို့နယ်၊ ချင်းပြည်နယ်မှာ ဖလမ်းနဲ့ ဟားခါးမြို့နယ် စစ်ကိုင်းတိုင်းမှာ လေရှီးမြို့နယ်နဲ့ မကွေးတိုင်းမှာ ဆော၊ ထီးလင်း၊ ကံမနဲ့ ဆင်ပေါင်ဝဲမြို့နယ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်းမှာ မိတ္ထီလာမြို့နယ်၊ ရခိုင်ပြည်နယ်မှာ ဂွမြို့နယ်၊ ရှမ်းပြည်နယ်မှာ နောင်ချို၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ ဆီဆိုင်၊ ပင်းတယ၊ ပင်လောင်း၊ ရပ်စောက်၊ ဟိုပုံး၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မဘိမ်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ ကွမ်းလုံ၊ လားရှိုး၊ သိန္နီ၊ မိုးနဲ၊ မိုင်းပန်၊ မောက်မယ်၊ လင်းခေး၊ ကွန်ဟိန်း၊ နမ့်စန်၊ မိုင်းရှူး၊ လဲချားနဲ့ လွိုင်လင်မြို့နယ်တို့ ဖြစ်တယ်လို့ ကြေညာထားပါတယ်။