ထိုင်ဝမ်အတွက်ထောက်ပံ့ကြရန် အမေရိကန်တိုက်တွန်း၊ တရုတ်အစိုးရ ကန့်ကွက်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်ထော်နီ ဘလင်ကန်က ထိုင်ဝမ်အတွက် ထောက်ပံ့ကြဖို့ တိုက်တွန်းအပြီး တရုတ်အစိုးရက အမေရိကန်ဆီကို ပြင်းထန်တဲ့ ကန့်ကွက်လွှာ ပို့ခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျင်းက အောက်တိုဘာ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။

ထိုင်ဝမ်ဟာ ကုလသမဂ္ဂစနစ်ထဲမှာ အားပါးတရ ပါဝင်ဆောင်ရွက်နေတာကို ထောက်ပံ့ဖို့ ဘလင်ကန်က ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးကို အောက်တိုဘာ ၂၆ ရက်က ဆော်ဩခဲ့တာပါ။

ဒီမိုကရေစီစနစ်နဲ့ ကိုယ်တိုင် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာရေး လမ်းကြောင်းကို ပိတ်ဆို့ဖို့ တရုတ်က ဖိအားပေးနေတာကို အမေရိကန်က ဆန့်ကျင် ရပ်တည်ခဲ့တာလည်း ဖြစ်ပါတယ်။

ထိုင်းဝမ်ဟာ ကုလသမဂ္ဂမှာ ၁၉၇၁ အောက်တိုဘာ ၂၅ရက်မတိုင်ခင်ထိ အဖွဲ့ဝင် နိုင်ငံ အဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ နိုင်ငံကိုယ်စားပြုမှုအတွက် မဲပေးရာမှာတော့ ပြည်တွင်း စစ်မှာ အနိုင်ရခဲ့တဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို မျက်နှာသာပေးလို့ ထိုင်ဝမ်ဟာ ကုလသမဂ ကနေ နုတ်ထွက် ခဲ့ရပါတယ်။

ထိုင်ဝမ်ဟာ တရုတ်ရဲ့ ပြည်နယ်တခု ဖြစ်ပြီး နိုင်ငံတကာမှာ ထိုင်ဝမ်ကို ကိုယ်စားပြုဖို့ တရုတ်မှာ အခွင့်အရေး ရှိတယ်လို့ တရုတ် အစိုးရက ပြောပါတယ်။

More News
Up