မဲဆောက်မြို့၌ မည်သူမဆို ကိုဗစ်-၁၉ ကာကွယ်ဆေး အခမဲ့ထိုးပေးနေ (ဓာတ်ပုံ)







မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တစ်ဘက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အထောက်အထားလက်မှတ်ရှိသူတွေနဲ့ မရှိသူတွေ ဘယ်သူမဆို ထိုင်းအစိုးရက ကိုဗစ်-၁၉ ကာကွယ်ဆေး အခဲ့ ထိုးပေးနေပါတယ်။
အောက်တိုဘာ ၂၈ ရက်နေ့ ဒီမနက် ကိုဗစ်ကာကွယ်ဆေးထိုးပေးရာမှာ မဲဆောက်မြို့ ရပ်ကွက်တွေနဲ့ မဲဆောက်မြို့ပိုင်ရုံးမှာ လှည့်ထိုးနေပြီး ထိုင်းနိုင်ငံသား တိုင်းရင်းသားတွေနဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကိုပါ ထိုးပေးနေတာပါ။
ဆေးထိုးပေးရာမှာ အသက် ၁၈ နှစ်အထက်ကိုတော့ ဦးစားပေးထိုးနေတာတွေ့ရပြီး ၁၈ နှစ်အောက်လူငယ်တွေကိုတော့ ထိုင်းစာသင်ကျောင်းမှာ ထိုးပေးပါတယ်။
မဲဆောက်မြို့ပြည်သူ့ဆေးရုံကြီးမှာလည်း ထိုင်းလူမျိုးတွေကို ၉ နာရီမှ ည ၈ နာရီအထိ အချိန်တိုးမြှင့် ကာကွယ်ဆေးထိုးပေးနေပြီး မဲဆောက်မြို့ပိုင်ရုံးမှာတော့ တနင်္လာမှ သောကြာရက်အထိ တစ်ပတ်ကို ၄ ရက်ကိုဗစ် ကာကွယ်ဆေးထိုးပေးနေပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ၂၀၂၁ နိုဝင်ဘာလမှာ နိုင်ငံတဝန်း လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းထိုးပြီးဖို့ ရည်မှန်းထားပြီး နိုင်ငံခြားသားခရီးသွားလုပ်ငန်းတွေနဲ့ စစ်ရုံအလုပ်ရုံတွေ အပါအဝင် တခြား စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။