Home
မြန်မာသတင်း
နိုင်ငံတဝန်း မြို့နယ်ပေါင်း ၄၄ ခုကို Stay at Home အစီအစဉ်မှ ထပ်မံပယ်ဖျက်
DVB
·
October 28, 2021

ကိုဗစ်-၁၉ ရောဂါကြောင့် နေအိမ်မှာနေဖို့ သတ်မှတ်ထားတဲ့ နိုင်ငံတဝန်း မြို့တွေထဲက မြို့နယ်ပေါင်း ၄၄ ခုကို Stay at Home အစီအစဉ်ကနေ ပယ်ဖျက်လိုက်ပြီလို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

အဆိုပါ မြို့နယ်တွေထဲမှာတော့ ချင်းပြည်နယ်ထဲက တွန်းဇံမြို့နယ်၊ စစ်ကိုင်းတိုင်းထဲက ဟုမ္မလင်းမြို့နယ်၊ ပဲခူးတိုင်းထဲက တောင်ငူ၊ ကျောက်တံခါး၊ ညောင်လေးပင်၊ ဝေါ၊ မင်းလှ၊ လက်ပံတန်း၊ သာယာဝတီ၊ အုတ်ဖိုမြို့နယ်တွေ၊ မကွေးတိုင်းထဲက ပွင့်ဖြူမြို့နယ်၊ မန္တ လေးတိုင်းထဲက ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ ပုသိမ် ကြီး၊ အမရပူရ၊ မြင်းခြံ၊ ပျော်ဘွယ်၊ ရမည်းသင်းမြို့နယ်တွေ၊ မွန်ပြည်နယ်ထဲက သထုံမြို့ နယ်၊ ရန်ကုန်တိုင်းထဲက တိုက်ကြီး၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်၊ တာ မွေ၊ တောင်ဉက္ကလာ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဉက္ကလာ၊ ရန် ကင်း၊ သာကေတ၊ သင်္ယန်းကျွန်း၊ ခရမ်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်း၊ မရမ်းကုန်း၊ လှိုင်မြို့နယ်တွေနဲ့ ဧရာဝတီတိုင်းထဲက ဘိုကလေးနဲ့ ဟင်္သာတမြို့နယ်တွေ ပါဝင်နေတာပါ။

ဒီမြို့နယ်တွေဟာ ကိုဗစ်ရောဂါကာကွယ်ရေးစည်းကမ်းချက်တွေကို တိတိကျကျလိုက်နာ လို့ လွန်ခဲ့တဲ့ ၁၄ ရက်က အတည်ပြုလူနာတွေ့နှုန်းနည်းလာတာ၊ အစုလိုက် ကူးစက်တာ နည်းလာတာ၊ ဆက်စပ်လူနာရှာဖွေတွေ့နှုန်း နည်းလာတာတွေကြောင့် ခုလို Stay at Home အစီအစဉ်ကနေ ပယ်ဖျက်လိုက်တာလို့ ဆိုပါတယ်။

လတ်တလောမှာတော့ တိုင်းနဲ့ ပြည်နယ်အနှံ့ Stay at Home အစီအစဉ်ကနေ ပယ်ဖျက် လိုက်တဲ့ မြို့နယ်ပေါင်း ၅၀ ထိ ရှိလာပြီဖြစ်ပြီး ကျန်မြို့နယ် ၆၉ မြို့နယ်ကတော့ ဒီအစီ အစဉ်ထဲ ဆက်လက်ပြီးတော့ ရှိနေဦးမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၉၆,၉၀၁ ယောက် ရှိနေပြီး သေဆုံးသူအရေအတွက်ကတော့ ၁၈,၆၀၃ ယောက်ရှိနေ တယ်လို့ စစ်ကောင်စီကျန်းမာရေးက မနေ့က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024