မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်ခန့်ခဲ့သည့်အပေါ် သဘောထားကွဲလွဲမှုရှိခဲ့ဟု သတင်းထွက်

မန်ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ၂၀၁၉ ခုနှစ်က အသင်းခေါင်းဆောင်သစ်အဖြစ် မက်ဂွိုင်ယားကို ခန့်အပ်ခဲ့တဲ့အပေါ် အသင်းအတွင်းမှာ သဘောထားကွဲလွဲမူတချို့ ရှိခဲ့တယ်လို့ သိရပါတယ်။
မက်ဂွိုင်းယားဟာ အဲဒီအချိန်က လက်စတာကနေ ပြောင်းရွှေ့လာတာ ၆ လခန့်တာ ရှိသေးလို့ အသင်းရဲ့ အဓိကကစားသမား တစ်ဦးက မေးခွန်းထုတ်ခဲ့ဖူးတယ်လို့ သတင်းထွက်ပေါ်လာခဲ့တာပါ။
နည်းပြဆိုးလ်ရှားဟာ လက်ရှိအချိန် ဖိအားတွေနဲ့ရင်ဆိုင်နေရချိန် မက်ဂွိုင်းယားကို အသင်းခေါင်းဆောင် ခန့်အပ်ခဲ့တဲ့အပေါ် အသင်းအတွင်းမှာ မကျေလည်မှုတွေရှိနေတယ်လို့ The Times သတင်းစာက ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် ကစားသမားတချို့က လေ့ကျင့်ရေးကွင်းမှာ သေချာမလုပ်ဆောင်ခဲ့တဲ့အပေါ် အသင်းသားတစ်ဦးက အသင်းအစည်းအဝေးလုပ်ချိန်မှာ ထောက်ပြဝေဖန်ခဲ့တယ်လို့ သိရပါတယ်။
ဝါရင့်တိုက်စစ်မှူး စီရော်နယ်ဒိုကတော့ အသင်းသားတွေကို စည်းလုံးမူရှိဖို့နဲ့ နည်းပြဆိုးလ်ရှားကိုဆက်ပြီး ထောက်ခံပေးကြဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။