ချီလီတွင် ကုန်လှောင်ရုံတခုနှင့် အိမ် ၁၀ လုံး မီးလောင်

ချီလီနိုင်ငံတောင်ပိုင်းက ကာရာဟွေဒေသန္တရအုပ်ချုပ်ရေး စီရင်စုထဲမှာ အိမ်ခြေဆယ်လုံးနဲ့ ကုန်လှောင်ရုံတခု အောက်တိုဘာ ၂၅ ရက် မွန်းလွဲပိုင်းမှာ မီးလောင်ခဲ့လို့ ရဲတွေက လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

လက်နက်ကိုင် ခေါင်းစွပ်ဝတ် ယောက်ျားတွေက ကာစာဘလန်ကာ စခန်းနဲ့ သစ်တောကို မီးရှို့အပြီး မိနစ်ပိုင်းအတွင်းမှာ ခုလိုဖြစ်ခဲ့တာလို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံတောင်ပိုင်းက အာရောင်ကာနီယာဒေသထဲမှာ မာပူချေ တိုင်းရင်းသားတွေနဲ့ ချီလီ အစိုးရကြား ပဋိပက္ခဖြစ်ပွားနေတာ ကြာမြင့်ပြီ ဖြစ်ပါတယ်။

အာရောင်ကာနီယာဒေသမှာ မာပူချေ တိုင်းရင်းသားတွေ နေထိုင်မှု သိပ်သည်းပြီး ချီလီနိုင်ငံအတွင်း ဆင်းရဲမွဲတေမှု အမြင့်ဆုံးနေရာတွေထဲက တခုလည်း ဖြစ်ပါတယ်။

မာပူချေ တိုင်းရင်းသားအုပ်စုဟာ သစ်တောမြေ အဓိကရှိရာ ဒေသအတွင်း လာရောက်တဲ့ ကုမ္ပဏီတွေနဲ့ ကာလကြာရှည် အငြင်းပွားနေပြီး ဘိုးဘွားပိုင်မြေ အခွင့်အရေးအတွက် လျော်ကြေး တောင်းနေကြပါတယ်။

More News
Up