ပုသိမ်ကြီးမြို့နယ် ကြာနီကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်မှာ  အောက်တိုဘာ ၂၆ ရက် မနက် ၈ နာရီဝန်းကျင်က  ကြာနီကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး  သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။

အသက် ၅၅ နှစ်အရွယ် ကြာနီကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး  ဦးတင်စိုးဟာ စစ်ကောင်စီ သတင်းပေးဖြစ်တဲ့အတွက် ပုသိမ်ကြီးမြို့တော်လှန်ရေးအင်အားစု (Patheingyi Revolution Force-PRF)နဲ့  မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့ (Urban Guerrilla Special Force-UGSF) တို့က ပူးပေါင်းရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဦးတင်စိုးဟာ ကျေးရွာအတွင်းရှိ လက်ဖက်ရည်ဆိုင်ကနေ လက်ဖက်ရည်သောက်ပြီး နေအိမ်အပြန် လမ်းပေါ်မှာ ခေါင်းကို သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့တာလို့ သိရပါတယ်။

ကြာနီကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်စိုး သေနတ်နဲ့ပစ်ခံရပြီး မကြာခင်မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ရောက်လာပြီး အနီးပတ်ဝန်းကျင်မှာ စစ်ဆေးနေပါတယ်။

More News
Up