ရာထူးတည်မြဲချင်ရင် ရော်နယ်ဒိုနှင့် ဖာနန်ဒက်စ်ကို အရန်ခုံပို့ရန် ဆိုးလ်ရှားကို လေဒီမန် တိုက်တွန်း

မန်ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအနေနဲ့ ရာထူးဆက်လက်တည်မြဲချင်တယ်ဆိုရင် စပါးနဲ့ပွဲစဉ်မှာ ရော်နယ်ဒိုနဲ့ ဖာနန်ဒက်စ်တို့ကို အရန်ခုံပို့သင့်ကြောင်း ဒေးလီးမေးလ်သတင်းစာက ဆောင်းပါးရှင် အီရန် လေဒီမန်က တိုက်တွန်းလိုက်ပါတယ်။

ဆိုးလ်ရှားဟာ လက်တလောအခြေအနေမှာ ရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေပြီး လာမယ့်စနေနေ့မှာ ကစားမယ့် စပါးနဲ့ပွဲကို ကိုင်တွယ်ခွင့်ရမလားဆိုတာ မသေချာသေးပါဘူး။

ဒါပေမဲ့ထုတ်ပယ်မခံရသေးဘူးဆိုရင်တော့ စပါးနဲ့ပွဲမှာ ရော်နယ်ဒိုနဲ့ ဖာနန်ဒက်စ်ကို အရန်ခုံပို့သင့်ကြောင်း ဆောင်းပါးရှင်က တိုက်တွန်းခဲ့တာပါ။

နည်းပြဆိုးလ်ရှားအနေနဲ့ အပြောင်းအလဲတစ်ခု လုပ်ဆောင်ရမှာဖြစ်ပြီး ရော်နယ်ဒိုနဲ့ ဖာနန်ဒက်စ်ကို ရဲရဲဝံ့ဝံ့ အရန်ခုံပို့ဖို့လည်း လိုတယ်လို့ လေဒီမန်က တိုက်တွန်းပါတယ်။

စပါးနဲ့ပွဲမှာ မရှုံးဖို့ အဓိကဦးစားပေးရမှာဖြစ်ပြီး ကွင်းလယ်မှာ မာတစ်၊ ဖရက်ဒ်၊ တွန်မီနေးနဲ့ တိုက်စစ်မှာ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်နဲ့ ကာဗာနီတို့ကို တွဲဖက်အသုံးပြုသင့်ကြောင်း ဆောင်းပါးရှင် လေဒီမန်က တိုက်တွန်းသွားခဲ့ပါတယ်။

More News
Up