မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သုံးခွကျေးရွာအုပ်စု၊ ဝါးဒက်ကွင်း ရွာသစ်လမ်းမှာ အောက်တိုဘာ ၂၅ ရက် ညနေပိုင်းက ကျန်းမာရေးမှူး တယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေ ဒီဗွီဘီကို ပြောပါတယ်။
ကျန်းမာရေးမှူး ဦးအောင်မြတ်ထွန်းကို ကျေးလက်ဆေးပေးခန်းမှာ အမည်မသိ သေနတ်သမား ၂ ယောက်က ဆိုင်ကယ်ဖြင့် လာရောက်ပြီး သေနတ်နဲ့ ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ကျန်းမာရေးမှူး ဦးအောင်မြတ်ထွန်းဟာ သေနတ်ဒဏ်ရာ ၈ ချက် ရရှိပြီး မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ကျန်းမာရေးမှူး ဦးအောင်မြတ်ထွန်းကိုတော့ ဘယ်အဖွဲ့က သေနတ်ဖြင့် ပစ်သတ်သွားတာလဲဆိုတာ မသိရသေးပါဘူး။
ကျန်းမာရေးမှူး ဦးအောင်မြတ်ထွန်းဟာ ပြီးခဲ့တဲ့ ကာလတွေတုန်းက စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြပွဲတွေမှာလည်း ပါဝင်ခဲ့သလို CDM ပြုလုပ်ခဲ့သူ တစ်ဦး ဖြစ်ပြီး နောက်ပိုင်းမှာမှ Non CDM ပြန်လုပ်ထားတာ ဖြစ်ပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတဲ့ ကျန်းမာရေးမှူး ဦးအောင်မြတ်ထွန်းမှာ ဇနီးနဲ့ သားသမီး ၂ ဦး ကျန်ရှိခဲ့ပါတယ်။