ဝေးလံဒေသများ သန်းခေါင်စာရင်းကောက်ယူမှု ရက်တိုးမြှင့်

785
မြန်မာနိုင်ငံအတွင်း ဝေးလံခေါင်သီတဲ့ နေရာဒေသတွေ သန်းခေါင်စာရင်း ကောက်ယူရာမှာ သတ်မှတ်ရက်ထက် ၅ ရက်တိုးမြှင့်မယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတ၀န်း သန်းခေါင်စာရင်းကောက်ယူမှုကို မတ်လ ၃၀ ရက်ကစပြီး ဧပြီ ၁၄ ရက်အထိ ကောက်ယူမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတ၀န်း သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း ၈၀၀၀၀ လောက်အထိရှိပြီး အကူအညီပေးမယ့် ဆရာ၊ ဆရာမ အင်အား လိုအပ်နေပြီး အချို့ကို သင်တန်းတွေ ပေးပြီးဖြစ်တယ်လို့ ဆိုပါတယ်။