ကမ္ဘောဒီးယား ဆန္ဒပြအလုပ်သမားများကို စစ်ရဲပစ်ခတ်၊ ၃ ဦး သေဆုံး

ကမ္ဘောဒီးယားနိုင်ငံမှာ ဆန္ဒပြနေတဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေကို စစ်ရဲအဖွဲ့က ဇန်န၀ါရီ ၃ ရက် ဒီနေ့မှာ သေနတ်နဲ့ ပစ်ခတ်ပြီး လူစုခွဲမှုအတွင်း အနည်းဆုံး ၃ ယောက် သေဆုံး သွားပါတယ်။ Cambodia Job 1လူ့အခွင့်အရေးလှုပ်ရှားနေသူ မျက်မြင် ၂ ယောက်ရဲ့ အဆိုအရ လုံခြုံရေးတပ်က ရိုင်ဖယ်သေနတ်တွေ၊ ပစ္စတိုသေနတ်တွေနဲ့ ပစ်ခတ်မှုအတွင်း သေဆုံးသူ ၃ ယောက်၊ ဒါမှမဟုတ် ၄ ယောက် ရှိမယ်လို့ ပြောပါတယ်။ ဆန္ဒပြသမားတွေကလည်း ရေနံဆီဗုံးတွေ၊ ကျောက်ခဲတွေနဲ့ ပြန်ပစ်ခဲ့တယ်လို့ ပြောပါတယ်။ လုပ်ခလစာ တိုးပေးဖို့ တောင်းဆို ဆန္ဒပြသူ ၃ သိန်းခွဲအထိ ရှိပါတယ်။ စစ်ရဲအဖွဲ့ရဲ့ ပြောခွင့်ရသူကတော့ သေဆုံးသူ ၁ ယောက်ပဲ ရှိပြီး ဒဏ်ရာရသူ အတော်များတယ်လို့ ပြောပါတယ်။ အထည်လုပ်ငန်းဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားပို့ကုန်တန်ဖိုး စုစုပေါင်းရဲ့ ၄ ပုံ ၃ ပုံအထိ ရှိနေသလို လုပ်ခလစာတိုးတောင်းတဲ့ ဆန္ဒပြပွဲတွေဟာ ကမ္ဘောဒီးယားမှာ မကြာခဏဆိုသလို ဖြစ်ပွားနေတာပါ။

//
More News
Up