အိုက်စ်မူးယစ်ဆေး ၃ တန် တရုတ်ရဲတပ်ဖွဲ့ ဖမ်းမိ

တရုတ်ရဲတပ်ဖွဲ့ဟာ ဂွမ်ဒေါင်ခရိုင်ထဲမှာ အိုက်စ်မူးယစ်ဆေး ၃ တန်ကို ဖမ်းဆီးမိလိုက်တယ်လို့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂ ရက်နေ့က ကြေညာပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၉ ရက်နေ့က ပြည်သူစစ်တွေနဲ့ ရဲအဖွဲ့ ပူးပေါင်းပြီးတော့ မြို့ ၄ မြို့မှာ နေရာပေါင်း ၁၀၉ နေရာ ၀င်ရောက် စီးနင်းမှုတွေအတွင်းမှာ ဖမ်းဆီးမိလိုက်တာ ဖြစ်ပါတယ်။   meht seize China စစ်ဆင်ရေးမှာ ရဟတ်ယာဉ်တွေ၊ အမြန်ရေယာဉ်တွေနဲ့ လေ့ကျင့်ပေးထားတဲ့ ခွေးတွေကို အသုံးပြုခဲ့တယ်လို့ ခရိုင်ရဲအဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါး ထုတ်လုပ်ပြီး ဖြန့်ဖြူးတဲ့ ဂိုဏ်းပေါင်း ၁၈ ခုက သံသယရှိသူ ၁၈၂ ယောက်ကို ဖမ်းဆီးနိုင်တယ်လို့ ပြောပါတယ်။ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ သုံးတဲ့ ကုန်ကြမ်း ၂၃ တန်ကိုလည်း ဖမ်းဆီးမိတယ်လို့ ပြောပါတယ်။ ဂွမ်ဒေါင်ခရိုင်ထဲမှာ ၂၀၁၃ ခုနှစ် ဇူလိုင်လကုန်ပိုင်းကစလို့ မူးယစ်နှိမ်နင်းရေး စီမံချက် မိုးကြိုးစစ်ဆင်ရေးအတွင်း သံသယရှိသူ ၁ သောင်း ၁ ထောင်နီးပါးကို ဖမ်းဆီးထားပြီး မူးယစ်ဆေး ၈ တန်ကျော် ဖမ်းဆီးထားတယ်လို့ ခရိုင်ရဲအဖွဲ့က ပြောပါတယ်။

//
More News
Up