မန်ယူအသင်း ပိုကောင်းသည့်နည်းပြတစ်ဦး လိုအပ်နေပြီဟု ကာရေဂါ တိုက်တွန်း

မန်ချက်စတာယူနိုက်တက်အသင်းမှာ လက်ရှိနည်းပြဆိုးလ်ရှားထက် ပိုကောင်းတဲ့နည်းပြတစ်ဦး လိုအပ်နေပြီလို့ အင်္ဂလန်နောက်ခံလူဟောင်း ကာရေဂါက တိုက်တွန်းလိုက်ပါတယ်။ 

လီဗာပူးကို ၅ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ယူနိုက်တက်အနေနဲ့ နည်းပြအပြောင်းအလဲလုပ်သင့်ကြောင်း စကိုင်းစပေါ့ကနေ လီဗာပူး ကစားသမားဟောင်း ကာရေဂါက သုံးသပ်ခဲ့တာပါ။ 

“အိုလီက ကောင်းမွန်တဲ့အလုပ်တစ်ခု လုပ်ဆောင်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ ကလော့ပ်၊ တူချယ်နဲ့ ပက်ဂွါဒီယိုလာတို့ကို ကျော်ဖြတ်ဖို့ဆိုရင်တော့ မန်ယူနိုက်တက်က ပိုကောင်းတဲ့ နည်းပြတစ်ဦး လိုအပ်ပါတယ်။” 

ဆိုးလ်ရှားကို မလေးမစားပြောတာမဟုတ်ဘဲ သူ့အတွက် စာနာမိကြောင်း၊ တစ်စုံတစ်ယောက်ကို ရာထူးကနေ ထုတ်ပယ်ဖို့ ပြောရတာဟာ သက်သောင့်သက်သာမဖြစ်ကြောင်းလည်း ကာရေဂါက ပြောပါတယ်။

ကာရေဂါက နည်းပြချုပ် ဆိုးလ်ရှားအပြင် တခြားနည်းပြအဖွဲ့ဝင်တွေကိုလည်း ဝေဖန်ခဲ့ပြီး လက်ထောက်နည်းပြ မိုက်ဖီလန်က နည်းပြတစ်ဦး မဟုတ်ကြောင်း၊ မိုက်ကယ်ကာရစ်နဲ့ မက်ကမ်နာ တို့ဟာလည်း နည်းပြခဲ့ဖူးတဲ့ အတွေ့အကြုံမရှိကြောင်း ကာရေဂါက ဝေဖန်သွားခဲ့ပါတယ်။

More News
Up