ပဲခူးတိုင်း ရေတာရှည်မြို့နယ်မှာ အောက်တိုဘာ ၂၃ ရက်နေ့အထိ ရပ်ကွက်နဲ့ကျေးရွာအသီးသီးက အုပ်ချုပ်ရေးမှူး ၂၀ နီးပါး ရာထူးကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။
ရေတာရှည် YPDF က အုပ်ချုပ်ရေးမှူးတွေကို ရာထူးက နုတ်ထွက်ဖို့ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အောက်တိုဘာ ၁၈ ရက်နေ့မှာ အုပ်ချုပ်ရေးမှူး ၅ ဦး စတင် နုတ်ထွက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်နေ့မှာ အုပ်ချုပ်ရေးမှူး ၉ ဦး စသဖြင့် အသီးသီး နုတ်ထွက်နေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
နုတ်ထွက်ပြီး အဆက်အသွယ်မရသေးတဲ့သူတွေအပါအဝင် စုစုပေါင်း ၂၀ လောက်ရှိပြီလို့ ဆိုပါတယ်။
စစ်ကောင်စီက အုပ်ချုပ်ရေးမှူး အသစ် အစားထိုးပြန်ခန့်တာတွေလည်း ရှိတယ်လို့ ဒေသခံက ပြောပါတယ်။
ရေတာရှည်မြို့မှာ ပြီးခဲ့တဲ့လတွေက ရပ်ကျေးအုပ်ချုပ်ရေးမှူးအိမ်တွေ ဌာနဆိုင်ရာရုံးတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့သလို စစ်ကောင်စီကို သတင်းပေးတာကြောင့် အသတ်ခံရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။