လွန်ခဲ့သည့် နှစ် ၄၀ က အစာအဆိပ်သင့်သူများ၏မိသားစုများ စပိန်အယ်လ်ပရာဒိုပြတိုက်ကို စီးနင်း

စပိန်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်လေးဆယ်က လူတွေ အစုလိုက် အပုံလိုက် ကာနိုလာ ဆီ အဆိပ်သင့်ခဲ့ ဖြစ်ရပ်မှာ ရှင်သန်ကျန်ရစ်သူတွေဟာ မဒရစ်မြို့က အယ်လ်ပရာဒိုပြတိုက်ကို စီးနင်းခဲ့ပြီး သူတို့ရဲ့ တောင်းဆိုချက်တွေကို အစိုးရက မတုံ့ပြန်ပါက နာရီပိုင်းအတွင်း သူတို့ကိုယ်သူတို့ သတ်သေမယ်လို့ ပြောခဲ့ကြပါတယ်။

“ဒီကိုရောက်ပြီး ခြောက်နာရီအကြာမှာ ကျနော်တို့ ဆေးတွေကို စပြီး စားမယ်” လို့ ဆန္ဒပြသူတွေက ၁၉၈၁ ခုနှစ်က လူထောင်ချီ အဆိပ်သင့်ခဲ့တဲ့ အမှုရဲ့ ဓားစာခံများအသင်းရဲ့ တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပြောခဲ့တာပါ။

တောင်းဆိုချက်တွေပါတဲ့ နဖူးစည်းစာတမ်းတွေကို ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေရဲ့ ပုံတွေပါတဲ့ လက်ကမ်းစာစောင်တွေကိုလည်း ဖြန့်ချိခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး အစာအဆိပ်သင့်မှု အရှုပ်တော်ပုံတွေထဲက တခုရဲ့ဓားစာခံတွေကို ကူညီဖို့ ဝန်ကြီးချုပ် ပေဒရို စန်ချက်ဇ်ဆီက ကြားဝင်မှုကို ကြေညာချက်ထဲမှာ တောင်းဆိုထားပါတယ်။

ပြုပြင်ထားတဲ့ ဟင်းချက်ဆီကို စားသုံးမှုနဲ့ ပတ်သက်ပြီး ထောင်ချီတဲ့ စပိန်ပြည်သူတွေဟာ အဆုတ်ရောဂါတွေကို ခံစားခဲ့ရတာပါ။

ထောင်ချီတဲ့ တခြားလူတွေကတော့ ရောဂါလက္ခဏာ တဒါဇင်လောက်ကို တသက်လုံး ခံစားခဲ့ရပါတယ်။

ဆန္ဒပြသူတွေ သတ်သေမယ့် ကြေညာချက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ အယ်လ်ပရာဒိုပြတိုက်နဲ့ အနုပညာပြခန်း ပြောခွင့်ရကို ဖုန်းခေါ်ဆို ခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ပါဘူး။ 

More News
Up