အီတလီတွင် အက်တနမီးတောင် ပေါက်ကွဲ

အီတလီနိုင်ငံက အတ်တနာမီးတောင် ပေါက်ကွဲခဲ့လို့ အောက်တိုဘာ ၂၃ ရက်က ပြာမှုန် အငွေ့တန်းကြီး လေထဲ ပန်းထွက်နေပါတယ်။

ဥရောပရဲ့ အမြင့်ဆုံးနဲ့ အလှုပ်ရှားဆုံး မီးတောင်ဖြစ်တဲ့ ဒီမီးတောင်ဟာ မကြာခဏ ပေါက်ကွဲပေမဲ့ အပျက်အစီး ဖြစ်တာ ရှားပါတယ်။

ဒီမီးတောင်ဟာ ဒီနှစ်ထဲမှာတင် အကြိမ်ငါးဆယ်ကျော် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုတွေကြောင့် ဒေသခံလူထုအန္တရာယ် မဖြစ်ခဲ့ပါဘူး။ 

မီတာ ၃၃၃၀ မြင့်တဲ့ ဒီမီးတောင်ဟာ တနှစ်အတွင်း အကြိမ်ရေအတော်များများ ရှုခင်းဖန်တီးပေးပြီး မြေထဲပင်လယ်အတွင်း စစ္စလီကျွန်းပေါ်မှာ ချော်ရည်တွေ မီးတောင်ပြာတွေ မှုတ်ထုတ်လေ့ ရှိပါတယ်။

 ဒီမီးတောင်ဟာ ၁၉၉၂ခုနှစ်က အကြီးစား နောက်ဆုံး ပေါက်ကွဲခဲ့ဖူးပါတယ်။ 

More News
Up