ဂွါဒီယိုလာနှင့် ကလော့ပ် အဆင့်အတန်းမျိုး ဆိုးလ်ရှား မရောက်နိုင်ဟု ကာရေဂါ ဝေဖန်

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားအနေနဲ့ မန်စီးတီးနည်းပြဂွါဒီယိုလာနဲ့ လီဗာပူးနည်းပြ ဂျာဂန် ကလော့ပ်တို့ရဲ့ အဆင့်အတန်းမျိုး မရောက်နိုင်ဘူးလို့ ကာရေဂါက ဝေဖန်လိုက်ပါတယ်။ 

လီဗာပူးနောက်ခံလူဟောင်း ကာရေဂါဟာ မန်ယူနဲ့ လီဗာပူးပွဲစဉ်မတိုင်ခင် တီလီဂရပ်ဖ် သတင်းမှာ ဆိုးလ်ရှားကို ဝေဖန်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးနည်းပြတူချယ်ရဲ့ အဆင့်အတန်းကိုတောင် ရောက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

ဆိုးလ်ရှားဟာ သူ ကစားသမားဘဝကအဖြစ်နဲ့လည်း ဆင်တူပြီး ဂျွန်တယ်ရီနဲ့ ဖာဒီနန်တို့ကို မကျော်ဖြတ်နိုင်ခဲ့သလိုမျိုး ဆိုးလ်ရှားဟာလည်း ဂွါဒီယိုလာနဲ့ ကလော့ပ်တို့ကို ကျော်ဖြတ်နိုင်မှာ မဟုတ်ကြောင်း ကာရေဂါက နှိုင်းယှဉ်သုံးသပ်ခဲ့တာပါ။ 

“ဂျွန်တယ်ရီက ကျနော့်ထက် အရပ်ပိုရှည်လို့ ခေါင်းတိုက်ပိုကောင်းသလို ဖာဒီနန်ကလည်း ပိုမြန်ပြီး ပိုသန်မာတယ်။ ကျနော် အစွမ်းရှိသမျှ ကြိုးစားခဲ့ပေမဲ့ သူတို့လောက် မစွမ်းဆောင်နိုင်ခဲ့ဘူး။ ဆိုးလ်ရှားဟာလည်း ဂွါဒီယိုလာ၊ ကလော့ပ်၊ တူချယ်တို့နဲ့ ယှဉ်ကြည့်ရင် အဲဒီလိုပါပဲ။ သူ့အနေနဲ့ အဲဒီနည်းပြ ၃ ယောက်ရဲ့ အဆင့်အတန်းကို ဘယ်တော့မှာမရောက်နိုင်ပါဘူး။” 

နော်ဝေနိုင်ငံသား နည်းပြ ဆိုးလ်ရှားဟာ ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်နေလို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

More News
Up