Wednesday, May 31, 2023
HomeLead Storyနော့ဝှစ်ချ်ကို ပရီးမီးယားလိဂ်က ထုတ်ပယ်သင့်ကြောင်း ပရိသတ်များလှောင်ပြောင်

နော့ဝှစ်ချ်ကို ပရီးမီးယားလိဂ်က ထုတ်ပယ်သင့်ကြောင်း ပရိသတ်များလှောင်ပြောင်

နော့ဝှစ်ချ်အသင်းဟာ ချဲလ်ဆီးကို ၇ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ခြေစွမ်းအားနည်းတာကြောင့် ပရီးမီးယားလိဂ်ကနေ ထုတ်ပယ်သင့်ကြောင်း ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပါတယ်။ 

နော့ဝှစ်ချ်အသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် အဆိုးရွားဆုံးအသင်းဖြစ်ပြီး ဘယ်တော့မှ တန်းတက်မလာသင့်တဲ့အသင်း ဖြစ်တယ်လို့ ပရိသတ်တွေက တွစ်တာကနေ ဝေဖန်ပါတယ်။ 

တခြားပရိသတ်တစ်ဦးကတော့  နော့ဝှစ်ချ်အသင်းကို ချက်ချင်းတန်းဆင်းစေသင့်ပြီး ချန်ပီယံရှစ်က ထိပ်ဆုံးအသင်းကို အစားထိုးကစားခွင့်ပြုသင့်ကြောင်း၊ ပရီးမီးယားလိဂ်ကနေ ၅ နှစ် ထုတ်ပယ်သင့်ကြောင်း တွစ်တာကနေ လှောင်ပြောင်ခဲ့ပါတယ်။ 

ချဲလ်ဆီးအသင်းရဲ့ ခြေစွမ်းကောင်းခဲ့တာမှန်ပေမဲ့ နော့ဝှစ်ချ်ရဲ့ခြေစွမ်းက လွန်ခဲ့တဲ့နှစ်တွေကနဲ့ မတူတော့ဘဲ သမိုင်းတလျှောက် အဆိုးရွားဆုံးအသင်းဖြစ်နေပြီလို့လည်း ပရိသတ်တစ်ဦးက ဝေဖန်ခဲ့ပါတယ်။ 

မနှစ်က ချန်ပီယံရှစ်ကနေ ချန်ပီယံအသင်းအနေနဲ့ တန်းတက်လာတဲ့ နော့ဝှစ်ချ်ဟာ ပရီးမီးယားလိဂ် ၉ ပွဲ ကစားပြီးချိန်မှာ ဘရိုက်တန်နဲ့ ဘန်လေ ၂ သင်းကိုသာ သရေကစားခဲ့ပြီး ၇ ပွဲအထိ ရှုံးပွဲတွေ့ခဲ့တာဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular