ဟုမ္မလင်းမြို့နယ်တွင် ဆိုင်ကယ်ဝပ်ရှော့ဆရာ ၁ ဦး သေနတ်ပစ်သတ်ခံရ
DVB
·
October 23, 2021
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာမှာ အောက်တိုဘာ ၂၃ ရက် နေ့လယ်ပိုင်းက ဆိုင်ကယ်ဝပ်ရှော့ဆရာ တယောက် သေနတ်ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မျက်မြင်တဦးက “အခု သေနတ်နဲ့ပစ်ခံရသူက ဆိုင်ကယ်ဝပ်ရှော့ဆရာ။ ဒလန်ဆိုပြီး သေနတ် ၃ ချက်နဲ့ သူ့ဆိုင်ထဲ ဝင်ပစ်သွားတယ်။ အဲဒီနေရာမှာ ပွဲချင်းပြီး သေဆုံးသွားတယ်” လို့ ပြောပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံရသူမှာ နောင်ပိုအောင် မျိုးကြီး ဆိုင်ကယ်ဝပ်ရှော့က ကိုမျိုးကြီး ဖြစ်တယ်လို့ သိရပါတယ်။
သေနတ်ပစ်ခတ်သွားတာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။