Sunday, May 28, 2023
HomeLead Storyရိုးရာယဉ်ကျေးမှုမြှင့်တင့်သည့် ဗီဒီယိုများလွှင့်တင်သည့် တရုတ်ဘလော့ဂါ အောင်မြင်မှုရနေ

ရိုးရာယဉ်ကျေးမှုမြှင့်တင့်သည့် ဗီဒီယိုများလွှင့်တင်သည့် တရုတ်ဘလော့ဂါ အောင်မြင်မှုရနေ

ကမ္ဘာကျော် တရုတ်ဗွီဒီယိုဘလော့ဂါ လီကျိချီဟာ တရုတ်ရိုးရာယဉ်ကျေးမှုနဲ့ လက်မှုပညာကို မြှင့်တင်တဲ့ ဗီဒီယိုတွေကနေ ယဉ်ကျေးမှုအမွေအနှစ်တွေကို ရေရှည်ထိန်းသိမ်းစောင့်ရှောက်ဖို့ မရှိမဖြစ် လိုအပ်တယ်လို့ ပြောပါတယ်။ 

သူ့ရဲ့ ယူကျုချန်နယ်မှာ စာရင်းသွင်းသူ ၁၆ ဒသမ ၂ သန်းရှိနေပြီး လီကျိချီဟာ သူ့ရဲ့အောင်မြင်မှု၊ ကျော်ကြားမှုတို့ကို အာရုံစိုက်တာမျိုးမဟုတ်ဘဲ တခြားသူတွေအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

လီကျိချီရဲ့ ယူကျုအကောင့်ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှာ subscribe ပြုလုပ်သူ ၁၄ ဒသမ ၁ သန်းကျော်ရှိခဲ့ပြီး ယူကျုရဲ့ တရုတ်ချန်နယ်မှာ စာရင်းသွင်းသူအများဆုံးရှိတဲ့ Vlogger အတွက် ကမ္ဘာ့စံချိန်ကို ချိုးဖျက်ခဲ့ကြောင်း ဂင်းနစ်ကမ္ဘာ့မှတ်တမ်းက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

လီဟာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ ကျေးလက်ကျေးရွာတစ်ခုမှာ သူ့အဘွားနဲ့ လူနေမှုဘဝအကြောင်း ရိုက်ကူးထားတဲ့ ဗွီဒီယိုတွေကို ၂၀၁၆ အစောပိုင်းမှာ စတင်ထုတ်လွှင့်ခဲ့တာပါ။

ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်း၊ အစားအစာချက်ပြုတ်ခြင်းနဲ့ ကိုင်တွယ်ထိတွေ့လို့မရတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကျွမ်းကျင်စွာလေ့ကျင့်ခြင်းတို့ကြောင့် သူ့ရဲ့ အောင်မြင်ကျော်ကြားမှု ကလည်း ကြီးထွားလာပါတယ်။

လီကျိချီရဲ့ ဗွီဒီယိုတွေဟာ ပြည်တွင်းမှာသာမက ကမ္ဘာအရပ်ရပ်က အင်တာနက်သုံးစွဲသူတွေပါ နှစ်သက်သဘောကျကြပြီး သူ့ကို အင်တာနက်နာမည်ကြီးသူတဦးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ 

သူ့ရဲ့နိုင်ငံရပ်ခြားပရိသတ်တွေဟာ တရုတ်နိုင်ငံရဲ့ ကျေးလက်ဘဝမှာ အံ့သြဖွယ်ရာ၊ ရိုးရှင်းပြီး အံဝင်ခွင်ကျဖြစ်နေတာတွေကို အားပေးခဲ့ကြပါတယ်။

တရုတ်ဗဟိုရုပ်မြင်သံကြား (CCTV) နဲ့ အင်တာဗျူးတခုမှာ လီကျိချီက အင်တာနက်မှာ အန္တရာယ်ရှိပြီး မသင့်လျော်တဲ့ အကြောင်းအရာတွေလဲ ကံမကောင်းစွာပဲ ရှိနေတာကြောင့် ဒီနေ့ခေတ် လူငယ်တွေကို အပြုသဘောဆောင်တဲ့ တန်ဖိုးတွေကို မြှင့်တင်ပေးဖို့ သူ့ရဲ့ပလက်ဖောင်းကို အသုံးပြုနေခြင်းဖြစ်တယ်လို့ ပြောပါတယ်။

သူ ရိုက်ကူးထားတဲ့ ဒီဗွီဒီယိုတွေက သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ လက်မှုပညာကို ထင်ဟပ်နေတာကြောင့် အချိန်ကြာလာတာနဲ့အမျှ သူတို့ဟာ ပိုတန်ဖိုးကြီးလာမှာဖြစ်ပြီး ပျောက်ကွယ်သွားတော့မှာ မဟုတ်ဘူးလို့ ထင်ကြောင်းလည်း ပြောသွားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular