ပိုလန်၏ တရားဥပဒေစိုးမိုးရေး ပြဿနာမရှိဟု ဝန်ကြီးချုပ် ပြော

ဥရောပသမဂ္ဂနိုင်ငံတချို့ဟာ ပိုလန်ရဲ့ တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို နားမလည်ကြကြောင်းနဲ့ ပိုလန်နိုင်ငံဟာ  တရားဥပဒေစိုးမိုးရေးမှာ ပြဿနာမရှိဘူးလို့ ပိုလန်ဝန်ကြီးချုပ် မာတေးရှ် မိုရာဝီရက်စကီက အောက်တိုဘာ ၂၂ ရက်မှာ ပြောပါတယ်။ 

တရားဥပဒေစိုးမိုးရေးကို ပိုလန်နိုင်ငံရဲ့ လိုက်နာမှုကို ဆွေးနွေးခဲ့ကြတဲ့  ဥရောပကောင်စီ ထိပ်သီးအစည်းအဝေးအပြီး ဘရပ်ဆဲလ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပိုလန်ဝန်ကြီးချုပ်က ပြောတာပါ။ 

ဥရောပသမဂ္ဂမှာ ကြီးမားတဲ့ အရည်အချင်းတွေရှိပေမဲ့ ဒါတွေဟာ အကန့်အသတ်မဲ့ မဟုတ်ဘဲ အုပ်စုကလည်း သူ့ရဲ့ပေးအပ်ထားတဲ့ စွမ်းရည်တွေအတွင်းမှာပဲ လုပ်ဆောင်နိုင်မှာလို့ ဆိုပါတယ်။

အခုလအတွင်းမှာ ပိုလန်နိုင်ငံ ဖွဲ့စည်းပုံခုံရုံးကနေ အီးယူဥပဒေရဲ့ အစိတ်အပိုင်းတွေဟာ နိုင်ငံရဲ့ပဋိညာဉ်နဲ့ မကိုက်ညီဘူးလို့ ဆုံးဖြတ်ခဲ့ကတည်းက ပိုလန်နိုင်ငံရဲ့ အာဏာရ အမျိုးသားရေးဝါဒီတွေနဲ့ လစ်ဘရယ်အများစုတို့ကြား ကာလရှည်ကြာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး အီးယူ ပေါင်းစည်းမှုရဲ့ ဗဟိုသဘောတရားကို စိန်ခေါ်နေတယ်လို့လည်း ဆိုပါတယ်။

ပိုလန်ဝန်ကြီးချုပ်  မိုရာဝီရက်စကီရဲ့ ဥပဒေနှင့်တရားမျှတမှု (PiS) ပါတီဟာ တရားရုံးတွေနဲ့ မီဒီယာလွတ်လပ်ခွင့်မှသည် အမျိုးသမီးတွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ LGBT‌ တွေရဲ့ အခွင့်အရေးတွေအထိ ဒီမိုကရေစီ အခြေခံမူတွေ အများအပြားနဲ့ပတ်သက်ပြီး အီးယူနဲ့ နှစ်ပေါင်းများစွာ ခါးသီးတဲ့ ရန်ပွဲတွေ ဆင်နွှဲနေခဲ့ရပါတယ်။  

More News
Up