ယူရိုပီယံအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် Diego Schwartzmanနှင့်Jenson Brooksby တို့ ဆီမီးတက်

3.2K
ဘယ်လ်ဂျီယံနိုင်ငံမှာ ကျင်းပနေတဲ့ ယူရိုပီယံအိုးပင်း တင်းနစ်ပြိုင်ပွဲမှာ အာဂျင်တီးနား အကျော်အမော် Diego Schwartzman နဲ့ အမေရိကန် တင်းနစ်စတား Jenson Brooksby တို့ ဟာ ပြိုင်ဘက်တွေကို အနိုင်ရပြီး ဆီမီးအဆင့်ကို တက်သွားကြပြီ ဖြစ်ပါတယ်။
အခုထိ ရှုံးပွဲမရှိသေးတဲ့ Diego Schwartzman ဟာ ကွာတားဖိုင်နယ်အဆင့်မှာ Brandon Nakashima ကို အနိုင်ရသလို၊ တက်သစ်စ Jenson Brooksby ကလည်း စပိန်က တင်းနစ် ကစားသမား Davidovich Fokina ကို အနိုင်ရခဲ့ပြီး ဆီမီးအဆင့်ကို တက်သွားကြတာ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၄ ရက် ဆီမီးအဆင့်မှာ Diego Schwartzman နဲ့ Jenson Brooksby တို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။