သမ္မတမိန့်ခွန်းအပေါ် သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် မေးမြန်းချက်

u win tinသမ္မတဦးသိန်းစိန်က ၂၀၁၄ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ နိုင်ငံတော် အကြီးအကဲ အရည်အချင်းသတ်မှတ်ချက်တွေနဲ့ပတ်သက်ပြီး သဘောထားတွေကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ သမ္မတက နိုင်ငံရေးဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်တာထက် ပိုမိုမျှော်မှန်းဆောင်ရွက်ရင် နိုင်ငံရေးအကျပ်အတည်းဖြစ်လိမ့်မယ်လို့လည်း သတိပေးပြောကြားလိုက်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ ပတ်သက်ပြီး သဘောထား ကွဲပြားမှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ နိုင်ငံရေးအကျပ်အတည်းတခုကို ဦးတည် မသွားစေနိုင်ဖို့အတွက် နိုင်ငံရေးရွေးချယ်မှု မှန်ကန်စေဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် လက်ကျန် နိုင်ငံရေးအကျဉ်းသား အားလုံးကိုလည်း အမျိုးသား ပြန်လည်ညီညွတ်ရေးကို ရှေးရှုပြီး ပြန်လွှတ်ပေးလိုက်ပြီလို့လည်း သမ္မတက ပြောကြားခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းနဲ့ ပတ်သက်ပြီး သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို တွေ့ဆုံမေးမြန်းထားပါတယ်။ အသံဖိုင် နားဆင်ရန်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up