ပြစ်ဒဏ် လွတ်ငြိမ်းခွင့်မိန့် ထုတ်ပြန်

ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)
၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်အမိန့်ကို အစိုးရက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ [caption id="attachment_39191" align="alignleft" width="300"]ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်) ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)[/caption]နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ လူသားချင်း စာနာထောက်ထားမှု အစရှိတာတွေကို အလေးပေးတဲ့အနေနဲ့ အကျဉ်းထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်အမိန့် ထုတ်ပြန်လိုက်တာလို့ သမ္မတရုံးဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ (က) သေဒဏ်ချမှတ်စေခြင်း ခံရသူများအတွက် ထောင်ဒဏ် တသက် (နှစ် အကန့်အသတ် မရှိ) သို့ ပြောင်းလဲကျခံစေရန်။ (ခ) နှစ် အကန့်အသတ် မရှိနှင့် ထောင်ဒဏ် တသက်ကျခံ နေရသည့် အကျဉ်းသားများ (သေဒဏ် မှ ထောင်ဒဏ် တစ်သက်နှင့် နှစ် အကန့်အသတ် မရှိသို့ လျော့ပေါ့ ကျခံနေသူများ မပါ) နှင့် ထောင်ဒဏ် (၄၀) နှစ်အထက် ကျခံနေရသူများအား ထောင်ဒဏ် (၄၀) နှစ်သို့ လျော့ပေါ့ကျခံစေရန်။ (ဂ) ထောင်ဒဏ် (၄၀) နှစ်နှင့်အောက် ကျခံနေရသည့် အကျဉ်းသားများအား ယင်းတို့ ကျခံ နေသော ထောင်ဒဏ်၏ လေးပုံတပုံအား လျော့ပေါ့ကျခံစေရန်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up