မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၆၈၃ ယောက်ရှိခဲ့ပြီး အဲဒီထဲ က ၃ ပုံ ၁ ပုံကျော်ဟာ ရှမ်းပြည်နယ်ကဖြစ်တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ် မြိုပေါင်း ၂၉ ခုမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ပေါင်း ၂၅၈ ယောက်နဲ့ သေဆုံးသူ ၈ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။
သူ့နောက်မှာတော့ ကချင်ပြည်နယ်က ရောဂါကူးစက်ခံရသူအသစ် ၁၀၂ ယောက်နဲ့ ရန် ကုန်တိုင်းဒေသကြီးက ၈၆ ယောက်စီ အသီးသီးနဲ့ ရှိနေတာ ဖြစ်ပါတယ်။
ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။
ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ တရက်တည်း ပိုးတွေ့နှုန်း ၄ ဒသမ ၉၅ ရာခိုင် နှုန်းကျော် ရှိနေတယ်လို့ ဖော်ပြထားခဲ့ပြီး ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံကဆင်းခွင့်ရသူအရေအတွက်က တော့ ၁,၀၂၁ ယောက်ရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၈,၄၆၅ ယောက် နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၉၁,၅၈၄ ယောက် ရှိနေပါတယ်။