ချီလီတွင် ဆန္ဒပြနေသည့် ငါးဖမ်းလုပ်သားများ ဖြိုခွင်းခံရ

ချီလီရေတပ်အရာရှိတွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၂၀  ရက် ဗလ်ပါရိုင်ဆိုဆိပ်ကမ်းရှိ ပရတ်သင်္ဘောကျင်းမှာ ဆန္ဒပြနေကြတဲ့ငါးဖမ်းလုပ်သားတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ် လူစုခွဲခဲ့ပါတယ်။

တံငါသည်တွေဟာ ဆိပ်ကမ်းရှိ တာယာတွေကို မီးတင်ရှို့ပြီးတော့ လှေ အစီး ၅၀ လောက်ကို သုံးပြီး တခြားသင်္ဘောများ ဝင်ထွက်သွားလာခွင့်ကို ပိတ်ဆို့ထားပြီးနောက်မှာ ခိုက်ရန်ဖြစ်ပွားမှုတွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ 

၂၀၁၃ ခုနှစ်က သင်္ဘောကျင်းပေါ်မှာ အကာအရံတွေဆောက်လုပ်ရေးအတွက် ကွင်တယ်ရိုသို့ ပြောင်းရွှေ့ခံရပြီးနောက်မှာ ရေလုပ်သားတွေဟာ သူတို့ကို အဲ့ဒီဒေသမှာပဲ ပြန်လည်လုပ်ကိုင်စားသောက်ခွင့်ပေးဖို့ အစိုးရကို တောင်းဆိုထားကြတာပါ။

ချီလီငါးလုပ်ငန်း လက်ထောက်အတွင်းဝန် အလီစီရာဂယ်လာဒိုက ငါးဖမ်းသမားတွေအသုံးပြုဖို့ ရေဝင်ပေါက်တခု တည်ဆောက်နေတာဖြစ်ပြီး ၂၀၂၄ မှာ အဆင်သင့်ဖြစ်လိမ့်မယ်လို့ အတည်ပြုခဲ့ပါတယ်။ 

ငါးဖမ်းသမားတွေကတော့ ဒီလိုတည်ဆောက်နေတယ်ဆိုတယ်ဆိုတာ လုံးဝမဟုတ်မှန်ကြောင်း  တုံ့ပြန်ပြောဆိုခဲ့ပြီး ဘယ်မှာဆောက်နေတာလဲ ဆိုတာကို လာပြောပြပေးပါလို့ တောင်းဆိုပါတယ်လို့ လက်လုပ်ငါးဖမ်း လှေသမားတွေရဲ့ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ အယ်လ်ဒူရာဒိုနိုဗိုရာက ပြောပါတယ်။ 

More News
Up