Live
Home
မြန်မာသတင်း
ပေါက်မြို့နယ် ကြံ့ခိုင်ရေးပါတီရုံး ဗုံးခွဲခံရ
DVB
·
October 22, 2021

မကွေးတိုင်း၊  ပေါက်မြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီရုံးကို အောက်တိုဘာ ၂၂ ရက် မနက်အစောပိုင်းက CAF-MGPDF နဲ့ King Fighter ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီးတော့ ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီကနေ့မနက်အစောပိုင်း ၃ နာရီလောက်က ပေါက်မြို့နယ် ကြံ့ခိုင်ရေးပါတီရုံးကို ချိန်ကိုက်ဗုံးထောင်ပြီး ဖောက်ခွဲဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ကြံ့ခိုင်ရေးပါတီရုံး ရေချိုးခန်းနဲ့ အိမ်သာ ပျက်စီးသွားတယ်လို့ သိရပြီး ဗုံးထောင်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ရတာကြောင့် နောက်ထပ်ပျက်စီးမှုကိုတော့ မသိရသေးဘူးကို့ CAF-MGPDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

CAG-MGPDF အနေနဲ့ နောက်နောင်မှာလည်း အကြမ်းဖက်စစ်အုပ်စုနဲ့စစ်ကောင်စီရဲ့ လက်ကိုင်တုတ်တွေအပါဝင် သူတို့နဲ့ ပတ်သက်ဆက်နွှယ်တဲ့ ထောက်တိုင်တွေကို ဖောက်ခွဲဖျက်ဆီးသွားမယ်လို့ ဆိုပါတယ်။

CAF-MGPDF အနေနဲ့ အောက်တိုဘာ ၁၄ ရက်ကလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ပူးပေါင်းပြီး ပေါက်မြို့နယ် ရေပြာရဲစခန်းနဲ့ မြင်းခြံကုန်းရွာက ဒလန်တစ်ယောက်ရဲ့ ကုန်စုံဆိုင်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024