ကျဆုံးကဗျာဆရာ ကေဇဝင်း၏ “သင်တို့ဘုရားငါမဖူး” ကဗျာ ပါဝင်သည့် အိုးဝေစာစောင် ထွက်ရှိ

နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ ကဗျာဆရာ ကေဇဝင်းရဲ့ “သင်တို့ဘုရားငါမဖူး” ကဗျာပါဝင်တဲ့ အိုးဝေစာစောင် အမှတ် ၅ ထွက်ရှိလာခဲ့ပါတယ်။

ကဗျာဆရာ ​ကေဇဝင်းဟာ မတ်လ ၃ ရက်​နေ့က မုံရွာမြို့ဆန္ဒပြပွဲမှာ အကြမ်းဖက်စစ်​ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့တာဖြစ်ပါတယ်။

အိုးဝေစာစောင်ကိုတော့ လွတ်လပ်ရေးကြိုးပမ်းမှုကာလက ကျောင်းသားခေါင်းဆောင်ကို အောင်ဆန်း အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့ပြီး ခုတခါမှာတော့ ဗကသများအဖွဲ့ချုပ်နဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့ စီစဉ်ထုတ်ဝေနေတာ ဖြစ်ပါတယ်။

ဒီစာစောင်ကို နှစ်ပတ်တကြိမ်ထုတ်ဝေနေတာဖြစ်ကာ သတင်း၊ ဆောင်းပါး၊ အက်ဆေး၊ ဝတ္ထုတို၊ ကဗျာ၊ ကာတွန်း၊ သရော်စာ၊ ဘာသာပြန် စတဲ့ကဏ္ဍတွေနဲ့ စောင့်မျှော်ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

ခုတပတ်ရဲ့ အတွဲ ၁ အမှတ် ၅ မှာ ဖတ်ရှုရမှာတွေကတော့

ကဗျာ

▪ သင်တို့ဘုရား ငါမဖူး

▪ ဘေးထွက်ဆိုးကျိုး

▪ စစ်ကလက်

▪ နွေဦးလမ်း

▪ ငကြောက်

ဆောင်းပါး

▪ နိုင်ငံတကာနဲ့ ဗမာ့တော်လှန်ရေး

▪ မြေပုံအတုနဲ့ ပြည်ထောင်စုအတု

▪ “စပါးတတင်း ၅၄၀၀ ကျပ် - မအလခေါင်းကို-ြတ်”

ဝတ္ထုတို

▪️ ငရဲပြည်က နဝမမြောက်အထပ်

ဘာသာပြန်

▪ နှစ် ၁၀၀ ပြည့် ရုရှားတော်လှန်ရေး အောက်ခြေမှအမြင်

▪ ဗီယက်နမ်က တပ်တွင်းတော်လှန်ရေး

စတာတွေနဲ့ သတင်းသုံးသပ်ချက်တွေကို ဖတ်ရှုရမှာပါ။

___

အိုးဝေစာစောင် အတွဲ ၁၊ အမှတ် ၅ ကို ဒေါင်းလုတ်ရယူရန်

https://bit.ly/3necGEe

More News
Up