ကယားပြည်နယ် လွိုင်ကော်မြို့ လွိုင်ကော်တက္ကသိုလ်အနီးမှာ အောက်တိုဘာ ၂၁ ညနေ ၃ နာရလောက်က ဗုံးပေါက်ကွဲမှုကြောင့် စစ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တက္ကသိုလ်အနီးကို အမည်မသိအဖွဲ့က ကားတစ်စီးနဲ့ အထုတ်တစ်ထုတ်လာချအပြီး စစ်ကောင်စီတပ်တွေ ဖွင့်ဖောက်စစ်ဆေးစဉ် ဗုံးပေါက်ကွဲခဲ့တဲ့အတွက် တပ်သားနှစ်ဦး ဗုံးထိမှန်သေဆုံးသွားခဲ့တာလို့ တက္ကသိုလ်နဲ့နီးစပ်သူ ဒေသခံတစ်ဦးက ပြောပါတယ်။
“တက္ကသိုလ်ရှေ့ကို အထုပ်တစ်ထုပ်လာချသွားလို့ ကျောင်းလုံခြုံရေးက စကစ ကို လှမ်းခေါ်တယ်ထင်တယ်။ စစ်ကောင်စီအဖွဲ့က အထုတ်ကို လာဖွင့်တော့မှထပေါက်တာ။ စစ်သားနှစ်ဦးသေတယ်။ ဘယ်သူအထုပ်လာချသွားလည်း ဆိုတာတော့ မသိဘူးလေ” လို့ တက္ကသိုလ်အနီးနေထိုင်သူတစ်ဦးကပြောပါတယ်။
ဗုံးပေါက်ကွဲအပြီး တက္ကသိုလ်အနီး သေနတ်သံများကြားရကာ တက္ကသိုလ်ရှေ့ ကန်ဘောင်ပတ်ဝန်းကျင်၊ ဝန်ကြီးအိမ်ရာလမ်းမတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေ လုံခြုံရေးတင်းကျပ် စစ်ဆေး မေးမြန်းနေတယ်လို့ သိရပါတယ်။